Searching...

လွှတ်တော်အမတ်ဒေါ်ခင်စန်းလှိုင်ဟာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသာအေးနဲ့ တွေ့ဆုံ


လွှတ်တော်အမတ်ဒေါ်ခင်စန်းလှိုင်ဟာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသာအေးနဲ့ တွေ့ဆုံဖို့ရှိပြီး တွေ့ဆုံပြီိးတဲ့အထိ မြို့မ မဂ္ဂင်ကျောင်း ဘုန်းကြီးကျောင်းဝင်းကနေ ဆန္ဒပြသမားတွေကို ဆွဲထုတ်တာနဲ့ ရုန်းရင်းဆန်ခတ် မလုပ်ဖို့ကိုလည်း ရဲစခန်းမှူးဆီက သဘောတူညီချက်ရရှိခဲ့တယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“သဘောတူရင် မလုပ်ပါဘူးတဲ့။ အန်တီတို့ ကျောင်းထဲကလူတွေကို အန်တီတို့ ထိန်းပေးမယ်၊ အကယ်၍ လမ်းပေါ်ကိုလူေ

တွထွက်လာရင်ရောတဲ့ လမ်းပေါ်ကလူတွေကိုရော တာဝန်ခံနိုင်မလားတဲ့။ လမ်းပေါ်ကလူတွေကိုတော့ တာဝန်မခံနိုင်ဘူး၊ အထဲကလူတွေပဲ တာဝန်ခံနိုင်မယ်။ လမ်းပေါ်ကလူတွေကို ဆရာတို့ဘာသာ ကြည့်ရှင်းပါလို့။ အခုက မြို့ပေါ်က ဘာပြောကြလဲဆိုတော့ ဆွေးနွေးနေစဉ်အချိန်အတွင်းမှာ လာမယ့်လူတွေအကုန်လုံးက ဒီအချိန်ကို ရွှေ့ပြီးတော့ ဆိုင်းငံ့လုပ်ပေးထားပါလို့ အဲလိုပြောထားတယ်။”
 
အပေါ်သို့!