Searching...

“(နစက) တပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့ ရိက္ခာငွေကို အထက်အရှိတွေက ဖြတ်စားနေကြောင်း ”


 နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲရေး (နစက) တပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့ ရိက္ခာငွေကို အထက်အရှိတွေက ဖြတ်စားနေကြောင်း အမည်မဖေါ်လိုတဲ့ နစက တပ်သား တဦးက ပြောသည်။

“ကျွန်တော်တို့ ရိက္ခာဖိုးအပါအ၀င် တပ်သားတယောက်ကို လစာ ၇၅,၀၀၀ ကျပ်ရပါတယ်။ အခု နယ်မြေသုံးမှာက အုပ်ချုပ်တဲ့ ဗိုလ်ကြီး အောင်ကိုထက်က ယခုအတောအတွင်း နယ်မြေ ၈ ကို ပြောင်းဖို့လုပ
်နေလို့ ကျွန်တော်တို့ ရဲဘော်တွေရဲ့ ရိက္ခာဖိုးကို မပေးဘဲ ဖြတ်တောက်ထားတာ။ ရိက္ခာဖိုးငွေ ၅ လပိုင်းကနေ ၇ လပိုင်းထိ မရကြပါ” ဟု နစက တပ်သားကပြောသည်။

အရာရှိ မဟုတ်တဲ့ အခြားအဆင့် တပ်ဖွဲ့ဝင်တွေ အနေဖြင့် နယ်မြေ တခုတွင် ၄ လသာ တာဝန်ထမ်းဆောင်ကြရပြီး နယ်မြေပြောင်းရွေ့သည့်အခါ ရိက္ခငွေကို လုံးဝ ဖြတ်တောက်ထားလိုက်တာမျိုးရှိသလို တချို့တဝက်သာ ထုတ်ပေးတာမျိုးတွေလည်း ရှိနေတယ်လို့ ယင်း နစက တပ်သားက ပြောသည်။

သူကဘဲ “ရိက္ခာငွေ သုံးလ ဖြတ်တောက်ထားပြီး တခြားနယ်မြေကိုပြောင်းတဲ့ အခါ တလကို ၅,၀၀၀ စီထုတ်ပေး တာလည်း ရှိတယ်။ လုံးဝ မပေးဘဲ ဖြတ်ထားလိုက်တာလည်း ရှိတယ်” ဟု ဆိုသည်။

နစက တပ်သားများမှာ တာဝန်ကျရာ စခန်းအတွင်း စုပေါင်း ချက်စားသော တပ်သားများမှာ ရိက္ခာဖိုးရသော်လည်း တချို့တပ်သားများမှာ မိမိကိုယ်တိုင် သီးခြား ချက်စားကြသဖြင့် ယခုကဲ့သို့ သီးခြားချက်စားသူ ရဲဘော်များကို ရိက္ခာဖိုး ဖြတ်တောက်ထားခြင်း ဖြစ်သည်။

နစက တပ်ဖွဲ့သည် မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ်ကို တာဝန်ယူထားပြီး ကို စစ်တပ်၊ ရဲ၊ လဝက၊ အကောက်ခွန် စတဲ့ အဖွဲ့ ၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

နယ်မြေအလိုက် အင်အား ၁၀၀ ကနေ ၁၈၀ အထိရှိ နစက နယ်မြေများ

နယ်မြေ ၁ အောင်သပြေ၊
နယ်မြေ ၂ ခမောင်းဆိပ်၊
နယ်မြေ ၃ တောင်ပြို၊
နယ်မြေ ၄ လိပ်ရ၊
နယ်မြေ ၅ ငခူရ၊
နယ်မြေ ၆ ကျီးကန်းပြင် (နစက ကွက်ကဲရေး ဌာနချုပ်)၊
နယ်မြေ ၇ အလယ်သံကျော်၊
နယ်မြေ ၈ မြင်းလွတ်၊
နယ်မြေ ၉ တောင်ပူဇာ၊
နယ်မြေ ၁၀ သဲချောင်း (စစ်တွေမြို့နယ်၊ ပြည်နယ်ဌာနချုပ်)၊
နယ်မြေ ၁၁ ဆင်နမော် (ပေါက်တော)၊
နယ်မြေ ၁၂ အငူမော် (ရသေ့တောင်မြို့နယ်)


လစာနဲ့ ရိက္ခာမလောက်လို့ အဂတိလိုက်စားမှုတွေ၊ ဥပဒေမဲ့ ငွေကြေးကောက်ခံမှုတွေ အစဉ်တစိုက်ဖြစ်နေကြောင်း မောင်တောမြို့ခံ ပြည်သူတဦးက ပြောသည်။

“သူတို့မှာ မလောက်တဲ့ အခါကျတော့ လောက်ငအောင်တော့ ရှာစားကြရတာပေါ့။ ဘယ်နေရာက ငွေဝင်ပေါက်ရမလည်းဆိုတာဘဲ စဉ်းစားနေကြရတာလေ။ အထက်အရာရှိကလည်း သူကိုယ်တိုင်ကိုက မတရားလုပ်ထားတော့ ရဲဘော်တွေကိုလည်း ဥပဒေအတိုင်း မထိန်းနိုင်တော့ဘူးပေါ့” လို့ မောင်တောမြို့ခံ ကပြောသည်။


 
အပေါ်သို့!