စစ်ဦးစီးချုပ်တွေ တွေ့ဆုံညှိနှိုင်းနိုင်ဖို့ လိုပါတယ်။ အဲသည်လို တွေ့ဆုံနိုင်ဖို့ ခက်ခဲနေတာက တွေ့ဆုံမယ့်နေရာ ဖြစ်တယ်လို့ သိရပါမယ်။ “အဘတို့က အကြောင်းပြန်ပြီးပြီလေ၊ နောက်ဆုံး အကြောင်းပြန် ထားတာက နေပြည်တော်မှာ လာလုပ်ပါ၊ သမ္မတကြီး မျက်စိရှေ့မှာ လာလုပ်ပါ၊ မြန်မာပြည်မှာ ဒီထက်လုံခြုံတဲ့နေရာ မရှိတော့ဘူး” လို့ ဦးအောင်မင်းက ဆိုပါတယ်။ ဦးအောင်မင်းက ဆက်ပြီး “အဲဒီတော့ သူတို့ နေပြည်တော်ကို လာတဲ့အခါ လုံခြုံရေး၊ စားရေးသောက်ရေး အားလုံး တာဝန်ယူတယ်လို့ ပြောထားတယ်” လို့ ပြောပါတယ်။ “ပြည်တွင်းငြိမ်းချမ်းရေး မရရအောင် ကြိုးစားမယ်၊ အားလုံးညှိနှိုင်း ဆွေးနွေးပြီး အောင်မြင်အောင် ဆောင်ရွက်သွားမယ်” လို့ ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဆိုပါတယ်။ နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းပြီး ကျွံနေတဲ့တပ်တွေကို ရွှေ့နိုင်မှသာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်နိုင်မှာပါ။ တခြားလက်နက်ကိုင် အဖွဲ့တွေနဲ့ မတူဘဲ အချိန်ကြာမြင့်စွာ ဆွေးနွေးနေရတာဟာ နယ်မြေတွေ ကျွံနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာရဲ့ အကြံပေးချက်ကို လေ့လာဆွေးနွေးပြီး ညှိနှိုင်း အကောင်အထည်ဖော်ဖို့ လိုအပ်လာပြီလို့ သိရကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ထုတ် မောင်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
ကေအိုင်အိုနဲ့ အစိုးရတပ် ငါးကီလိုမီတာစီ နောက်ဆုတ်ဖို့ အကြံပေး