ဇွန်လ ဘင်္ဂါလီအကြမ်းဖက်သည့် အရေး
အခင်းတွင် မိမိရပ်ရွာ နှင့် မိမိလူမျိုးကို
ကာကွယ်ရင်း အသက်ပေးခဲ့ရသူ ရခိုင်
လူမျိုးများအတွက် ဂုဏ်ပြု ထောက်ပံ့ငွေ
များပေးအပ်သည့် အခမ်းအနားကို ပြီးခဲ့သည့် စက်တင်ဘာလ ရှစ်ရက်နေ့က
ဝံလက်ဖောင်ဒေးရှင်းက စစ်တွေမြို့ ဂြစ်ဖက် ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ၊
ကျဆုံးသူတစ်ဦးစီအတွက် အနည်းဆုံး ငွေသား လေးသိန်း ခြောက်သောင်း
ကိုးထောင်ကျော် ကျစီပေးအပ်နိုင်ခဲ့သည်ဟု ၀ံလက်ဖောင်ဒေးရှင်း၏
ဒါရိုက်တာတစ်ဦး ဖြစ်သူ ဦးထွန်းမြင့်သိန်းက Coral Arakan
အားပြောကြားသည်။(shwe myanmar)