Searching...

Samsung Galaxy S4 ကို ၂၀၁၃ ဖေဖော်ဝါရီလတွင် ထုတ်ဖော်ပြသမည်


စက်တင်ဘာ ၁၇။ ။တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္မဏီကြီး ဖြစ်သော Samsung သည် Samsung Galaxy S စီးရီး၏ စတုတ္ထမျိုးဆက် Galaxy S4 ကို ၂၀၁၃ ဖေဖော်ဝါရီလတွင် ထုတ်ဖောက်ပြသ သွားမည် ဖြစ်ကြောင်း ကြေ ညာ ခဲ့သည်။

ယင်းကြေညာချက်ကို Apple တို့ iPhone 5 ထုတ်ဖော်ပြသပြီး ရက်ပိုင်း အတွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဘာစီလိုနာတွင် ကျင်းပမည့် ၂၀၁၃ ကမ္ဘာ့ မိုဘိ

ုင်းကွန်းဂရက်စ် တွင် မိတ်ဆက်ပြသ ထုတ်ဖော်ပြသ မည် ဖြစ်သည်။ ယင်း Samsung Galaxy S4 မှာ Apple မှ ထွက်ရှိထားသည့် iPhone 5 ထက်များစွာ သာလွန်မည်ဖြစ်ကြောင်း တိုက်ခိုက်ပြောဆိုထား သည်။

တောင်ကိုရီးယား ဒေသခံ Supplier များပြောဆိုချက်အရ ၅လက်မအကျယ် Screen ဖြစ်ပြီး OLED display ကိုအသုံးပြုမည် ဖြစ်သည်။ 4G networks အတွက် ကြိမ်းသေထောက်ပံ့ပေးမည်ဟုလည်း ဆိုထားသည်။ Samsung Galaxy S3 ကို ယခုနှစ် မေလတွင် ထွက်ရှိထားပြီး တစ်နှစ်မခြားပဲ ထွက်ရှိလာမည့် Samsung Galaxy S4 အတွက် စောနေသေးကြောင်း နည်းပညာ ရှင်အချို့ က ဝေဖန်ထားသည်။

Samsung Galaxy S3 ကိုကျော်လွန်၍ Apple တို့၏ iPhone 5 ရောင်းအားတိုးတက်လာမှုကို ငါးလ ထပ်မကြာစေပဲ မျိုးဆက်သစ် စမတ်ဖုန်း S4 ဖြင့် ဈေးကွက်ပြန်လည် ရယူသွားမည်ဖြစ်ကြောင်း Samsung မှ တာဝန်ရှိသူတစ်ဦးက ကိုရီးယား သတင်းစားတစ်ခုတွင် ပြောကြား ထားသည်။

Samsung Galaxy S4 ထွက်ရှိမည့် ကာလကို ယခုလို တရားဝင်ကြေညာ လိုက်သည့်အတွက် တောင်ကိုရီးယား ပြည်သူ နှင့် ကမ္ဘာတစ်လွှားမှ Samsung ခရေဇီများ ဝမ်းသာလျက် ရှိကြောင်း သိရသည်။
----
 
အပေါ်သို့!