October 25th မှာ Microsoft ကနေ Windows 8 ကို ပွဲထုတ်တော့မှာ ဖြစ်ပါတယ်။ Windows 8 ကို ထုတ်လုပ်ဖို့ အသင့်ဖြစ်နေပြီ ဆိုတဲ့အကြောင်း များမကြာခင်ကပဲ ကြားသိနေရပါတယ်။ အခုတော့ လူတိုင်း အသုံးပြုနိုင်ဖို့ နောက်ဆုံးအဆင့်ကို ထုတ်ဝေဖို့ ပြသတော့မှာ ဖြစ်ပါတယ်။
Windows 8 ကို Release to Manufacture (RTM) အဆင့်မှာပဲ စမ်းပြီး အသုံးပြုနေရတဲ့ သူတွေအတွက် အခု နောက်ဆုံး Final ထွက်လာေ
တာ့မှာ ဖြစ်ပါတယ်။
Windows 8 ပွဲမှာ ဘာတွေထူးခြားစွာ ပြောဦးမလဲဆိုတာ TSJ Tech Team မှ စောင့်ကြည့်လိုက် ပါဦးမယ်။
အခု တလော ထုတ်ကုန်အသစ်တွေကလဲ တစ်ခုပြီးတစ်ခုပေါ်၊ ပွဲတွေ Conference တွေ၊ Forum တွေကလဲ တစ်ခုပြီး တစ်ခု ကျင်းပနေနဲ့ 2012 က တော်တော်ကြီးကို အသစ်တွေနဲ့ ပြည့်နှက်နေသလိုပဲ ခံစားရပါတယ်။
ဘယ်လိုပင် ဖြစ်ပါစေ Microsoft Windows 8 ပွဲကို TSJ Fun Member Online မှ ပါဝင်တက်ရောက်နိုင်ရန် ထပ်ဆင့် ဖိတ်ကြားရင်း သတင်းပေး လိုက်ရပါတယ်။