Searching...

နိုင်ငံတော်သမ္မတဦးသိန်းစိန် အာရှ-ဥရောပ အစည်းအဝေး (ASEM)သို့တက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွါ


နေပြည်တော် နိုဝင်ဘာ ၎

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်းမြို့တော် National Convention Centre တွင် ကျင်းပမည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွါသွားခဲ့ပြီ ဖြစ်ပါသည်။ ASEM အစည

်းအဝေးအား နိုဝင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး သမ္မတကြီး အနေဖြင့် အစည်းအဝေးတက်ရောက်လာကြသည့် နိုင်ငံတကာမှ အကြီးအကဲအချို့နှင့် တွေ့ဆုံဆွေးနွေးရန် ရှိသဖြင့် ယနေ့ စတင်ထွက်ခွာပြီး နိုဝင်ဘာ (၇) ရက်နေ့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြပါသည်။

အာရှ-ဥရောပ အစည်းအဝေးကို ၁၉၉၆ ခုနှစ်တွင် တက်ရောက်သည့်နိုင်ငံပေါင်း (၂၆) ဖြင့် စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၀၄ ခုနှစ်တွင် စတင်တက်ရောက်ခဲ့ပါသည်။ လက်ရှိအကြိမ်တွင် တက်ရောက်သည့်နိုင်ငံပေါင်း (၄၈) နိုင်ငံရှိပြီး ဥရောပ မှ (၂၇) နိုင်ငံ၊ အာဆီယံအသင်းဝင် (၁၁) နိုင်ငံ၊ အာရှနှင့် အခြားနိုင်ငံ(၉) နိုင်ငံမှ အကြီးအကဲများ တက်ရောက်ကြမည်ဖြစ်ပါသည်။
 
အပေါ်သို့!