Searching...

ကျာက်ဖြူတွင်လမ်းဘေးကွမ်းယာဆိုင်၏အမျီုးသမီး တစ်ချို့ ဖီးလိမ်းဝတ်စားမူကြောင့် ကျောင်းသားလေးများအကျင့်စာရိတ္တ ယိမ်းယိုင်လာ


သက်ဆိုင်တာဝန်ရှိသောလူကြီးမင်း
များနှင့် မြို့ နယ်အာဏာပိုင်များ
အမြန်ဆုံးအရေးယူပေးပါရွှေမြန်မာမီဒီယာဂရုတဆင့် ပေးပို့  လိုက်ပါသည်။



ရခိုင်ပြည်နယ် ကျောက်ဖြူမြို့  အလယ်ပိုင်းရပ်ကွက် မြို့ မ အလယ်တန်း
ကျောင်း ( သို့  ) အ.လ. က (၂) ကျောင်းရှေ့ တည့်တည့်တွင် ကွမ်းယာဆိုင်
တစ်ဆိုင်မှာ အလွန်တရာ ရှုပ်ထွေးဆူညံလျှက်၊ လမ်းသားလမ်းလာများလည်း
အနှောက်အယှက်ဖြစ်ပြီး နံနက် ၄ နာရီမှ ညအချိန်မတော်အထိ အသံမျိုးစုံ
ဆူညံလျှက် ကား၊ဆိုင်ကယ်သံများဖြင့် ဆူညံပွတ်လောရိုက်လျှက် ရောင်း
ချနေပါသည်။

အထူးသဖြင့် ၄င်းကွမ်းယာဆိုင်၏ ထူးခြားချက်မှာ နယ်မှ အမျီုးသမီး အရွယ်
ကောင်းများ ၅ ယောက် ၆ ယောက် ခန့်  ဋ္ဌားရမ်းထားပြီး နံနက်လင်းမှ ည
အချိန်မတော် အထိ အငြိမ့်သမများကဲ့သို့  ဖီးလိမ်းဝတ်စားလျှက် ယောက်ျား
များကို မြူဆွယ်သော အသံများနှင့် ရောင်းချနေပါသည်။

အမြဲတစေ ယောက်ျားတချို့ နှင့် ဆက်ဆံရေးရှုပ်ထွေးပွေလီလျှက် တခြားကွမ်းယာဆိုင်များနှင့် လုံးဝကွဲပြားခြားနားကာမကောင်းအကျင့်စရိုက် များ အခြေခံ၍ ရောင်းချသောဆိုင် ဖြစ်ပါသည်။

၎င်းအပြင် ကျောင်းသားများမှာ ( ၇-၈-၉-၁၀ တန်း) အရွယ်ဖြစ်ပြီး ၄င်းကွမ်းယာဆိုင်သို့ ဝင်လျှက်ကွမ်းယာဝယ်နေသည်ကို နေ့ စဉ်လိုလိုပင် တွေ့ မြင်နေရပါသည်။

နေ့ စဉ်ကျောင်းစိမ်းဝတ်စုံနှင့် ယောက်ျား လေးငယ်များ တခါတရံ မိန်းခလေးငယ်များကိုပါ တွေ့ ရပါသည်။ ကျောက်ဖြူမြို့  အလက (၂) (သို့ ) မြို့ မကျောင်းမှာ မြို့ ၏ ဂုဏ်ကျက်သရေ ဆောင်ကျောင်းအဖြစ် နှစ်ပေါင်းများစွာကပင်ရပ်တည်လာခဲ့ သော ကျောင်းကြီးရခိုင် ဖြစ်ပါသည်။

ကျောင်းရှေ့ တည့်တည့်တွင်မဖွယ်ရာသော မြင်ကွင်းများကို နေ့ စဉ် မြင်တွေ့ နေရပြီး ကျောင်းသားလေးများ၏ အကျင့်စာရိတ္တပါ ယိမ်းယိုင် လာနိုင်သော အခြေအနေ ဖြစ်လျှက်ရှိနေပါသည်။အမြန်ဆုံးသက်ဆိုင်ရာမှ ဖယ်ရှားပေးသင့်ကြောင့် သက်ဆိုင်များကို သိစေအပ်ပါသည်။

ကျောင်းသားမိဘများ + မြို့ မိမြို့ ဖများ
 
အပေါ်သို့!