Monday, 05 November 2012
၈နှစ်ကြာ လဲကျနေတဲ့ ကျိုက်ဓနုတ် ဆံတော်ရှင် စေတီတော်မြတ်ကြီး ငှက်ပျောဖူးဟောင်းကို ကျိုက်ထီးဆောင်း ဆရာတော်ရဲ့ ညွှန်ကြားမှုနဲ့
ပြန်လည်ထူထောင်ခဲ့ပြီး ကျိုက်ဓနုတ် ဆံတော်ရှင် စေတီတော်ကို ၉ ကြိမ်မြောက် ပြန်လည် တည်ထားမှုကို နိုဝင်ဘာလ ၃ ရက်နေ့က ပြုလုပ်
ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ငှက်ပျောဖူးဟောင်းဟာ ၈ နှစ်ကြာ လဲကျနေတာ
ဖြစ်ပြီး ရဟန်း၊ သံဃာ၊ လူအများက အဓိဋ္ဌာန် တင်ကာ ၃ ရက်ပြည့်တဲ့ နေ့မှာ
ထူထောင်မှု လုပ်ငန်းများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခဲ့
အပြီးမှာတော့ ဓနုတ်ဆံတော်ရှင် စေတီတော်မြတ်ကြီးရဲ့
ပြန်လည် ထူထောင်ခြင်း လုပ်ငန်းများကို စတင် လုပ်ဆောင်ခဲ့တာ
ဖြစ်ပါတယ်။
အခုပြန်လည် တည်ထားတဲ့ ကျိုက်ဓနုတ်ဆံတော်ရှင် စေတီတော် မြတ်ကြီးကို
ယခင်က ၈ ကြိမ် တိတိ တည်ထား ခဲ့ပေမယ့် ပြန်လည် ပြိုကျမှုများ
ဖြစ်ပေါ်ခဲ့တဲ့ အတွက် အခုအခါ ၉ကြိမ်မြောက် ပြန်လည် တည်ထားမှု
ပြုလုပ်တာ ဖြစ်ပါတယ်။ အဆိုပါ စေတီတော်ကြီး ပြန်လည် တည်ထား
ရာမှာ အောက်ခြေ အဆင့်ကို မွန်ထီးတော်နဲ့ တည်ထားပြီး အလယ်အဆင့် ကိုတော့ ရှမ်းထီးတော်နဲ့ တည်ထား ခဲ့တာ ဖြစ်ပါတယ်။
အပေါ်ဆုံး အဆင့် ကိုတော့ ဗမာ ထီးတော်နဲ့ ပြန်လည်ပြိုကျမှု မရှိအောင် တည်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ကျိုက်ဓနုတ် ဆံတော်ရှင်
စေတီတော် မြတ်ကြီးရဲ့ စိန်ဖူးတော် ပုံသဏ္ဍာန်ကို ကျိုက်ထီးဆောင်း ဆရာတော်ကြီးရဲ့ သြ၀ါဒနဲ့ အညီ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အခု လက်ရှိ မှာတော့ အဆိုပါ ကျိုက်ဓနုတ် ဆံတော်ရှင် စေတီတော် မြတ်ကြီးရဲ့ ပြန်လည်
တည်ထားမှု လုပ်ငန်းတွေ ဆောင်ရွက်မှုဟာ ၈၀ ရာခိုင်နှုန်း ပြီးစီးသွားပြီ
ဖြစ်တယ်လို့ သိရပါတယ်။