Monday, 05 November 2012
ထိုင်းနိုင်ငံ Mahachulalongkorn Rajavidyalaya University ကနေ မဟာစည် သြ၀ါဒါ စရိယ ဆရာတော် ဘဒ္ဒန္တဇဋိလအား ဂုဏ်ထူးဆောင်
ဒေါက်တာဘွဲ့ အပ်နှင်းခြင်းနဲ့ ၆၃ ကြိမ်မြောက် မဟာစည် ဘုံကထိန်လျာ သင်္ကန်း ဆပ်ကပ် ရေစက်ချ မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ ၄ ရက်နေ့က ဗဟန်းမြို့နယ်ရှိ မဟာစည် သာသနာ့ ရိပ်သာမှာ ကျင်းပ ပြုလုပ်ခဲ့တာ
ဖြစ်ပါတယ်။ ဆရာတော်ကို ဒေါက်တာဘွဲ့ ချီးမြှင့် ရခြင်းမှာ ထိုင်းနိုင်ငံ
တစ်ဝှမ်းမှာ မဟာစည် ဆရာတော်ရဲ့ သတိပဌာန် ၀ိပဿနာ ကမ္မဌာန်း နည်းပြတဲ့
ရိပ်သာပေါင်း မြောက်များစွာ ပေါ်ထွန်း လာခဲ့ပြီး ထိုင်းနိုင်ငံ
ဘုရင်မင်းမြတ်နဲ့ သံဃာ့ အုပ်ချုပ်ရေး အဖွဲ့မှလည်း အသိအမှတ်ပြု အားပေး
ချီးမြှောက်မှုကို ရရှိလာ တာကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံမှာ တရားစခန်းများဖွင့်လှစ်ခြင်း တွေကိုလည်း
ဆောင်ရွက်ခဲ့တာကြောင့် အဆိုပါ တက္ကသိုလ်မှ မဟာစည် သတိပဌာန်
လုပ်ငန်းစဉ်ကို အားပေး ချီးမြှောက်တဲ့ အနေနဲ့ မဟာစည် သာသနာ့ ရိပ်သာကြီးရဲ့ သြ၀ါဒါစရိယ ဆရာတော်ကို ဒေါက်တာဘွဲ့ အပ်နှင်းခြင်း ဖြစ်ပါတယ်။
အဆိုပါ မဟာချူလာလောင်န်ကွန်း ရာဂျာဗစ်ရာလာရာ တက္ကသိုလ်ဟာ ဗုဒ္ဓစာပေ တွေကို သင်ကြားပို့ချ ပေးနေတဲ့ ဗုဒ္ဓတက္ကသိုလ် တစ်ခု
ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနား မှာတော့ သြ၀ါဒါစရိယ ဆရာတော်ကြီး ထံမှ တက်ရောက် လာသူများမှ ရှစ်ပါး သီလ ခံယူခြင်း၊
မေတ္တသုတ် ပရိတော်များ ရွတ်ပွားခြင်း များကို ဆောင်ရွက် ခဲ့တာ
ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံမှာ တရားစခန်းများဖွင့်လှစ်ခြင်