Tuesday, November 06, 2012
ရွှေသတ္တုရိုင်း တန်ချိန် ရာပေါင်းများစွာ တင်ဆောင်၍ ခုတ်မောင်းနေစဉ် ရုရှားနိုင်ငံအရှေ့ပိုင်းကမ
အမ်မာစကာရာ အမည်ရှိ ယင်းကုန်တင်သင်္ဘောသည် ရုရှားအရှေ့ပိုင်း ခါးဘရော့ခ်ဒေသ ကာရင်ဆိပ်ကမ်းမှ ခုတ်မောင်းထွက်ခွာပြီး မကြာမြင့်မီမှာပင် အရေးပေး အချက်ပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အိုခေါ့စ် ဆိပ်ကမ်းသို့ သွားရောက်မည့် ကုန်တင်သင်္ဘော အမ်မာစကာရာ
ပေါ်တွင် ရွှေသတ္တုရိုင်း ၇၇၂ တန်မှ ၈၃၂ တန်အထိ တင်ဆောင်ထားပြီး သင်္ဘောသားကိုးဦး လိုက်ပါသွားကြောင်း သိရသည်။
ယင်းကုန်တင်သင်္ဘောသည် စုစုပေါင်း ၀န်အလေးချိန် ၆၇၃ တန်အထိသာ သယ်ဆောင်နိုင်စွမ်းရှိသည်။ အဆိုပါ ကုန်တင်သင်္ဘော ပျောက်ဆုံးခဲ့ရာ အိုခေါ့ခ် ပင်လယ်ရေပြင်ဒေသအတွင်း လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၃ မိုင်မှ ၄၄ မိုင်အထိရှိ၍ ခြောက်ပေးခွဲအမြင့်ရှိ ရေလှိုင်းများ ဖြစ်ပေါ်
လျက်ရှိကြောင်း၊ ယင်းအပြင် နှင်းများကျဆင်းလျက်ရှိခြင်