Tuesday, November 06, 2012
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမ
ရောင်းချပေး သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။
လေလံတင် ရောင်းချခြင်းအား ရန်ကုန်မြို့၌ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ လှိုင်မြို့နယ်ရှိ MICTDC ခန်းမတွင် လည်းကောင်း၊ မန္တလေးမြို့တွင် နိုဝင်ဘာလ ၁၅ ရက် နံနက် ၉ နာရီမှ စတင်၍ မြို့တော်ခန်းမတွင် လည်းကောင်း ပြုလုပ်သွားမည်ဟု သိရသည်။
“ဘယ်သူမဆို လေလံလာဆွဲလို့ ရပါတယ်။ တစ်လုံးချင်းစီ ရောင်းပေးမှာပါ။ ကြမ်းခင်းဈေးရယ်လို့ မသတ်မှတ်ထားဘဲကနဦးတပ်ဆင်ခ နှစ်သိန်းအပေါ်မှာ
သူတို့စပေးတဲ့ဈေးနဲ့ စမှာပါ။ အများဆုံးပေးတဲ့သူကို ပေးသွားမှာပါ။ တစ်မြို့လုံးကို အလုံး၆၀ လောက် လေလံတင်သွားမှာပါ။ နောက်ပွဲတွေဆိုရင် အခြေအနေအရ အလုံးရေတိုးသွားဖို့ ရှိပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်
ဖော်ပြထားပါသည်။