Tuesday, November 6, 2012
မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ ပိတ်ဆို့နေရခြင်း၏ အဓိက အကြောင်း
အရင်းမှာ အချက်ပြ မီးပွိုင့် မှန်ကန်မှုမရှိခြင်းနှင့် သတ်မှတ်လမ်းဧရိယာမ
ပြည့်၍ဖြစ်ကြောင်း ယာဉ်မောင်းများထံက သိရသည်။
"ကားတွေ များလာတာနဲ့တော့ မဆိုင်ပါဘူး။ သူများနိုင်ငံတွေမှာဆိုရင် ကျွန်တော်တို့ နိုင်ငံထက်များပါတယ်။ ဘယ်ကားသမားပဲ မေးကြည့်ကြည့်ပါ။ မီးပွိုင့်ပေးချိန် မမှန်တာက အဓိကလိုဖြစ်နေတာ။"ဟု ရန်ကုန်မြို့တွင်း တက္ကစီပြေးဆွဲနေသူ ကျော်ထက်က ပြောသည်။
ရန်ကုန်မြို့တွင်းရှိ ကိန်းကဏန်းဖြင့် ဖော်ပြသော မီးပွိုင့်များမှာ စက္ကန့် (၃၀)ကြာချိန်၊ စက္ကန့် (၉၀)ကြာချိန်သတ်မှတ်ချက်များရှိပြီး အဆိုမီးပွိုင့်
များသည် မီး ၀ါ၊ စိမ်း၊ နီဖြင့်သာ အသုံးပြုနေခြင်းဖြစ်သည်။
မီးပွိုင့်များတွင် တစ်ဖက်ယာဉ်ကြောမှ ထွက်ခွာရန် မီးစိမ်းပြနေချိန်၌ အခြားတစ်ဖက်ယာဉ်ကြောမှ ရပ်တန့်ရန်၊ မီးနီပြအခြေအနေတွင် လမ်းမကြီးများပေါ်၌ ယာဉ်များ ရပ်တန့်ထားခြင်းကြောင့် ကြန့်ကြာမှုများ
ဖြစ်ပေါ်လာပြီး အချိန်ကြာမြင့်စွာ လမ်းပိတ်ဆို့မှု များဖြစ်ပေါ်လာရခြင်း
ဖြစ်ကြောင်း ခရီးသွားပြည်သူများထံက သိရသည်။
"လမ်းတွေမှာကြည့် သတ်မှတ်ထားတဲ့ လမ်းဧရိယာကို မပြည့်တော့ဘူး။ ရန်ကုန်မြို့ထဲမှာဆို ကျွန်မ တို့ တွေ့တာ ပြည်လမ်းမကြီး တစ်ခုပဲရှိတယ်။ ဒါတောင်ပြည်လမ်းက အစအဆုံး မဟုတ်ဘူးနော်။(၈)မိုင်ကနေ လှည်းတန်း
လောက် အထိပဲ။ ဘယ်ကားမှ မကြပ်ဘူး။ အင်းစိန်လမ်းဆို အချိန်ပြည့် လမ်းပိတ်တာ ကြုံရတယ်"ဟုအင်းစိန်မှလှည်း တန်းသို့ နေ့စဉ်သွားလာနေသူ
မအေးမိစံက ပြောသည်။
ရန်ကုန်မြို့တွင်းရှိ လမ်းမကြီး (၇)ခုမှာ (၇၂)ပေရှိပြီး အခြားလမ်းများမှာ (၄၈)ပေနှင့် ပေ(၆၀)ရှိပြီး (၂၀၁၀) ခုနှစ်အတွင်းက အဆိုပါလမ်းမများ၌ ယာဉ်တစ်သိန်းကိုးသောင်းကျော်သာ
သွားလာ နေကြပြီး ယခု (၂၀၁၂) ခုနှစ်တွင် ယာဉ်အ စီးရေ နှစ်သိန်း နှစ်သောင်း
ကျော် သွားလာမှုရှိကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
"အခုဆို ကားသစ်တွေ ၀င်လာတာများတာနဲ့အမျှ လမ်းတွေ ကြပ်လာနိုင်
ပါတယ်။ အင်းစိန်လမ်းတို့ မြို့ထဲတို့ ကမ်းနားလမ်းတို့ဆိုတာ လမ်းမကြီးတွေ
ပေါ်မှာ ဟိုဘက်မှာ တစ်စီး ဒီဘက်လမ်းမှ တစ်စီးရပ်ထားတာတွေရှိတော
့လမ်းက နှစ်လမ်းသွားဆို တစ်လမ်းသွားပဲဖြစ်တော့တယ်လေ ၊ အဲလို
မဖြစ်ရအောင် လမ်းမပေါ်တွေမှာ နေ့စဉ်ရက်ဆက် ရပ်ထားတဲ့ ကားတွေကို အရေးယူမှုတွေ ဆောင်ရွက်သင့်တယ်"ဟု ကုမ္ပဏီဝန်ထမ်း ကိုတရုတ်ကြီးက
ပြောသည်။
ရန်ကုန်မြို့တွင်းရှိ လမ်းများအား သတ်မှတ်ထားသော ဧရိယာပြန်လည်ပြည့်
မှီအောင် ဆောင်ရွက်ခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မူများ ဖြေရှင်းနိုင်ကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်သူများထံက သိရသည်။
"ကားတွေ များလာတာနဲ့တော့ မဆိုင်ပါဘူး။ သူများနိုင်ငံတွေမှာဆိုရင် ကျွန်တော်တို့ နိုင်ငံထက်များပါတယ်။ ဘယ်ကားသမားပဲ မေးကြည့်ကြည့်ပါ။ မီးပွိုင့်ပေးချိန် မမှန်တာက အဓိကလိုဖြစ်နေတာ။"ဟု ရန်ကုန်မြို့တွင်း တက္ကစီပြေးဆွဲနေသူ ကျော်ထက်က ပြောသည်။
ရန်ကုန်မြို့တွင်းရှိ ကိန်းကဏန်းဖြင့် ဖော်ပြသော မီးပွိုင့်များမှာ စက္ကန့် (၃၀)ကြာချိန်၊ စက္ကန့် (၉၀)ကြာချိန်သတ်မှတ်ချက်မျာ
များသည် မီး ၀ါ၊ စိမ်း၊ နီဖြင့်သာ အသုံးပြုနေခြင်းဖြစ်သည်။
မီးပွိုင့်များတွင် တစ်ဖက်ယာဉ်ကြောမှ ထွက်ခွာရန် မီးစိမ်းပြနေချိန်၌ အခြားတစ်ဖက်ယာဉ်ကြောမှ ရပ်တန့်ရန်၊ မီးနီပြအခြေအနေတွင် လမ်းမကြီးများပေါ်၌ ယာဉ်များ ရပ်တန့်ထားခြင်းကြောင့် ကြန့်ကြာမှုများ
ဖြစ်ပေါ်လာပြီး အချိန်ကြာမြင့်စွာ လမ်းပိတ်ဆို့မှု များဖြစ်ပေါ်လာရခြင်း
ဖြစ်ကြောင်း ခရီးသွားပြည်သူများထံက သိရသည်။
"လမ်းတွေမှာကြည့် သတ်မှတ်ထားတဲ့ လမ်းဧရိယာကို မပြည့်တော့ဘူး။ ရန်ကုန်မြို့ထဲမှာဆို ကျွန်မ တို့ တွေ့တာ ပြည်လမ်းမကြီး တစ်ခုပဲရှိတယ်။ ဒါတောင်ပြည်လမ်းက အစအဆုံး မဟုတ်ဘူးနော်။(၈)မိုင်ကနေ လှည်းတန်း
လောက် အထိပဲ။ ဘယ်ကားမှ မကြပ်ဘူး။ အင်းစိန်လမ်းဆို အချိန်ပြည့် လမ်းပိတ်တာ ကြုံရတယ်"ဟုအင်းစိန်မှလှည်း
မအေးမိစံက ပြောသည်။
ရန်ကုန်မြို့တွင်းရှိ လမ်းမကြီး (၇)ခုမှာ (၇၂)ပေရှိပြီး အခြားလမ်းများမှာ (၄၈)ပေနှင့် ပေ(၆၀)ရှိပြီး (၂၀၁၀) ခုနှစ်အတွင်းက အဆိုပါလမ်းမများ၌ ယာဉ်တစ်သိန်းကိုးသောင်းကျော
"အခုဆို ကားသစ်တွေ ၀င်လာတာများတာနဲ့အမျှ လမ်းတွေ ကြပ်လာနိုင်
ပါတယ်။ အင်းစိန်လမ်းတို့ မြို့ထဲတို့ ကမ်းနားလမ်းတို့ဆိုတာ လမ်းမကြီးတွေ
ပေါ်မှာ ဟိုဘက်မှာ တစ်စီး ဒီဘက်လမ်းမှ တစ်စီးရပ်ထားတာတွေရှိတော
့လမ်းက နှစ်လမ်းသွားဆို တစ်လမ်းသွားပဲဖြစ်တော့တယ်လေ
မဖြစ်ရအောင် လမ်းမပေါ်တွေမှာ နေ့စဉ်ရက်ဆက် ရပ်ထားတဲ့ ကားတွေကို အရေးယူမှုတွေ ဆောင်ရွက်သင့်တယ်"ဟု ကုမ္ပဏီဝန်ထမ်း ကိုတရုတ်ကြီးက
ပြောသည်။
ရန်ကုန်မြို့တွင်းရှိ လမ်းများအား သတ်မှတ်ထားသော ဧရိယာပြန်လည်ပြည့်
မှီအောင် ဆောင်ရွက်ခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မူများ ဖြေရှင်းနိုင်ကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်သူမျာ