Searching...

"သင်္ဘောကြီးများနှင့် လွတ်အောင် ဆောက်မည့် ဒလတံတား ပုံကြမ်း ထွက်ပြီ"


Thursday, 06 December 2012

ပင်လယ်ကူး သင်္ဘောကြီးများ လွတ်လပ်စွာ ဖြတ်သန်း သွားလာနိုင်သော ဒလတံတား တည်ဆောက်ရေးကို ဦးစားပေး စဉ်းစားရန် တောင်ကိုရီးယား ကုမ္ပဏီ အား ဆောက်လုပ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်
်က တိုက်တွန်းလိုက်ကြောင်း သိရသည်။


DASAN Consultants ကုမ္ပဏီမှ President and CEO Mr. Jeong Ho Kim ဦးဆောင်သော အဖွဲ့ဝင် သုံးဦးတို့ နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီး ဌာနသို့ ရန်ကုန်မြို့ပြ စီမံချက်ပါ တံတားများ ကိစ္စ လာရောက် ဆွေးနွေးစဉ် ထိုသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်ဟု သိရှိရ သည်။

ရန်ကုန်မြို့ ဖွံ့ဖြိုးရေး စီမံချက် အတွက် ရန်ကုန်မြို့ ဧရိယာအတွင်း ဒလ တံတား၊ ဝါးတရာ တံတား၊ ဘုရင့်နောင် တံတား အမှတ် ၂ နှင့် ကြည့်မြင် တိုင် တံတားတို့ကို တည်ဆောက်မည် ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံရှိ ဒေဆန်၊ ဒေဝူးနှင့် ကိုရီးယားအိတ်စ်ပတ်ဝေး တို့က ဖြစ်နိုင်စွမ်း အသေးစိတ် ကိုလာရောက် ပြုလုပ်ခဲ့၍ ပုံကြမ်းများ ကိုပင် ပေးအပ်ခဲ့ပြီး ဖြစ် သည်ဟု သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူက ”အခု တံတား ဆောက်မယ့် နမူနာပုံတွေကို တင်ပြ ပြီးပါပြီ။ ခွင့်ပြုမိန့် တောင်းခံထားပါတယ်” ဟု အတည်ပြုပြောသည်။ ဒလ-ပန်းဆိုးတန်းကို သင်္ဘော၊ သမ္ဗန်များဖြင့် ပြေး ဆွဲပေးနေပြီး စာရင်းများအရ နေ့စဉ် ခရီးသည်ငါးသောင်းကျော် ဖြတ်သန်း သွားလာလျက်ရှိသည်။

ကိုရီးယား DASAN Con- sultants ကုမ္ပဏီမှ ဆွေးနွေးရာတွင် ကိုရီးယားနိုင်ငံမှ ချေးငွေရယူ တည်ဆောက်ပါက အတိုးနှုန်း သက်သာနိုင်မည်ဖြစ်ကြောင်း၊ တံ တားများ တည်ဆောက်မှု၏ ကုန် ကျစရိတ် ၇ဝ ရာခိုင်နှုန်းကို ကိုရီးယား၏ ချေးငွေဖြင့် သုံးစွဲ၍ ကျန် ၃ဝ ရာခိုင်နှုန်းကို မြန်မာဘက်မှ ကျခံ ရန် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
 
အပေါ်သို့!