Searching...

အဆင့်နိမ့်ကျောက်စိမ်း ရောင်းပွဲအပြီး ကျောက်မျက်အချောထည် လုပ်ငန်းများပြန်ကောင်းရန် မျှော်လင့်


Thursday, 06 December 2012

မြန်မာကျပ်ငွေဖြင့် အဆင့်နိမ့် ကျောက်စိမ်း အသားကျောက် ရောင်းချပွဲကို ယခုလအတွင်း နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ ယင်းပြပွဲအပြီး ကုန်ကြမ်းရှာကာ လုပ်ငန်းတွင်ကျယ်မှု နည်းနေ သော ပြည်တွင်း

ကျောက်စိမ်း အချောထည် လုပ်ငန်းများ လုပ်ငန်းလည်ပတ်မှု
ပြန်လည်ကောင်းမွန် လာနိုင်ကြောင်း ကျောက်စိမ်းအ ချောထည်ထုတ် လုပ်ငန်းအသိုင်း အဝိုင်းမှ သတင်း ရရှိသည်။

မြန်မာနိုင်ငံတွင် ကျောက် မျက်ရတနာ အချောထည်ဈေးကွက် အဖွံ့ဖြိုး ဆုံးဖြစ်သည့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့ရှိ ကျောက်စိမ်း အချောထည်
ထုတ် လုပ်ငန်းများတွင် အချောထည် ထုတ်ရန် ကျောက်စိမ်း ကုန်ကြမ်း ရှားပါးမှု ကြုံတွေ့နေရသည်။ ထို့အပြင် မန္တလေးကျောက်ဝိုင်းတွင် ဖြတ်ခုံ သမားများ၊ အချပ်၊ လက် ကောက်သမားများ လုပ်ငန်းရပ် နားထားရမှုများ ရှိနေပြီး အချောထည်ပစ္စည်း သစ်ထွက်ရှိမှု နည်း၍ တရုတ်ဝယ်လက် ရှားပါးကာ အရောင်းအဝယ်အေးနေကြောင်း မန္တလေးကျောက်ဝိုင်းလုပ်ငန်း လုပ်ကိုင်နေသူ များထံမှ သတင်း ရရှိသည်။

"ဒီပြပွဲက ပြည်တွင်းအချော ထည်ထုတ်လုပ်ငန်းသမားတွေ က တောင်းဆိုလို့ သတ္တုတွင်းက လုပ်ပေးတာဆိုတော့ မန္တလေးက အချောထည်သမားတွေ
ကတော့ သွားကြမှာ" ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်း (မန္တလေးတိုင်းဒေသ ကြီး) ဒုဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က
ပြောသည်။

ယခုနှစ်တွင် နှစ်လယ်ကျောက်မျက်ပြပွဲ ပြုလုပ်နိုင်ခြင်းမရှိ၍ ပြည်တွင်း
ကျောက်မျက်ရတနာ အချောထည်ထုတ်လုပ်ငန်းများတွက်
ရည်ရွယ်ကာ မြန်မာကျပ် ငွေဖြင့် အဆင့်နိမ့်ကျောက်စိမ်း အသား
ကျောက်ရောင်းချပွဲကို သတ္တုတွင်း ဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့
မြန်မာ့ကျောက်ရတနာ ပြပွဲဗဟို ကော်မတီမှ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ တွင် ဒီဇင်ဘာ ၉ ရက်မှ ၁၃ ရက် အထိကျင်းပပြုလုပ်မည်ဖြစ်သည်

မန္တလေးမြို့မှ ကျောက်မျက် ကုမ္ပဏီကြီးများမှာ ပြပွဲတွင် ကျောက်စိမ်းတွဲများ တင်ပြရောင်း ချကြမည်ဖြစ်သလို မန္တလေး ကျောက်ဝိုင်းမှ ပုတီး၊
လက်ကောက၊် အချပ်သမားများမှလည်း ပြပွဲမှ ကျောက်စိမ်းများဝယ်ယူကြ မည်ဖြစ်ကြောင်းး မန္တလေးကျောက် ဝိုင်းလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

"လက်ကောက်အတွက်အဓိ ကထားပြီး သွားဝယ်မယ်။ အဲဒီထဲ ကမှအပွင့်
ပါရင်လည်း ကြည့်ဝယ် ရမှာပဲ" ဟု မန္တလေးကျောက်ဝိုင်း ကျောက်ကုန်သည်
တစ်ဦးးကပြောသည်။
 
အပေါ်သို့!