Searching...

တော်ဝင်သူဌေး ဦးကိုကိုထွေး၏ နောက်ဆုံး ယုတ်မာချက်



လိုင်းခန်းနေ တော်ဝင်အလုပ်သမားမိသားစု နှစ်ခုကို ဦးကိုကိုထွေးက လိုင်းခန်းကနေ အတင်းအဓမ္မ ဖယ်ရှားခဲ့ပါတယ်။ လင်မယာ
းနှစ်ဦးစလုံး တော်ဝင်ကုမ္ပဏီက အလုပ်သမားတွေဖြစ်ပေမယ့် ဇနီးမယားတွေက ဆန္ဒပြသပိတ်မှောက်တဲ့အထဲမှာ ပါတဲ့အတွက် လိုင်းခန်းကနေ မိသားစုတစ်စုလုံးကို ဖယ်ရှားခဲ့ပါတယ်။ ဒါရိုက်တာ ဦးညွန့်သိန်းရဲ့ ညွှန်ကြားချက်အရလို့ဆိုပြီး ဗိုလ်ကြီးဟောင်း ဦးခင်မောင်သက်က လ

ူအင်အား(၁၀)ယောက်လောက်နဲ့ အလုပ်သမားဦးသန်းလှရဲ့ပစ္စည်းတွေကို အိမ်ပေါ်က အတင်းဆွဲချပြီး တခြားတနေရာမှာ သွားပုံထားခဲ့ကြပါတယ်။ ဦးသန်းလှရဲ့ ဇနီးဖြစ်သူ မလဲ့လဲ့ဝင်းဟာ ဆန္ဒပြရာမှာ ပါဝင်နေသူတစ်ဦးပါ။
နောက်ထပ်ဆန္ဒပြရာမှာ ပါဝင်တဲ့ မမြင့်မြင့်မော်ရဲ့ အိမ်ကိုလည်း သူ့အမျိုးသားဦးဝင်းမြင့် အိမ်မှာမရှိတုန်း အိမ်တံခါးကို သစ်သားပြားနဲ့ အသေရိုက်ပိတ်သွားတဲ့အတွက် အိမ်ထဲဝင်လို့မရဖြစ်နေပါတယ်
ပထမတကြိမ်ဆန္ဒပြစဉ်ကတည်းက အိမ်ပေါ်က ဆွဲချဖို့ လုပ်ခဲ့ပါတယ်။ ဒါကို အလုပ်သမားဒုညွှန်ကြားရေး မှူးချုပ် ဦးသက်နိုင်ဦးက ဘာမှမဖြစ်စေရဘူး တာဝန်ယူတယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ သူတို့နဲ့ ဘာမှမဆိုင်ဘူးဆိုပြီး လက်လွတ်စပယ်ပြောပြန်ပါပြီ
ခုံရုံးက ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့လည်း တယောက်နဲ့တယောက်လွှဲချနေပြီး ဘယ်သူမှတာဝန်ယူ မဖြေရှင်းပေးပြန်ပါဘူး။
တော်ဝင်အလုပ်သမးတွေဟာ ခုတော့ မရမ်းကုန်း အလုပ်သမားရုံးရှေ့ကို တခေါက်ပြန်ရောက်နေကြပြန်ပါပြီ
 
အပေါ်သို့!