
11.4.2013 ည ၁၀ နာရီခန့် မှာ ဒီဓာတ်ပုံက ကိုယ်တော်ကို စော်ဘွားကြီးကုန်း မှာမသင်္ကာ တယ့်အနေနဲ့ တွေ့ လို့  နယ်ခံလူများ ဖမ်းကြပါတယ်။ ဗမာစကားမပေါက် ၊English လည်းကောင်းကောင်း မရ၊ သင်္ကန်းနဲ့  ဘင်္ဂလီခိုးဝင်တာ ကလည်းရက်ပိုင်း ကဆိုတော့ သတိရှိနေကြတာလို့  ပြောလို့ ရတယ်။
ဒါပေမယ့် စကား အပြန်အလှန် မရတာနဲ့  ရုန်းရုန်း ဖြစ်သွားစေတာ မသင့်ပါ။ ရပ်ကွက်ရုံးကို ခေါ်ခဲ့တော့ Sri Lanka က လို့ သိရတယ်။ နယ်ထိန်း (ရဲ) ကိုဝင်းထွတ် မှတာဝန်ယူပြီး ရုံးထဲမှာပဲ ကျိန်းစေခဲ့ပါတယ်။ 12.4.2013 နံနက်မှာ လေယာဉ်ကွင်းကို
ပို့ ပေးလိုက်တယ် လို့ သိရပါတယ်။
အစစ်ကိုပင် ( သံသယ အားကြီးနေသဖြင့် ) လိုတာထက် ပိုမိုခပ် တင်းတင်းမာမာဆက်ဆုံပြီး သင်္ကန်းကို ဆုပ်ချေကိုင်ဆွဲ တာတွေ ဟာဆိုးလှပါတယ်။
ဌာန ဝန်ထမ်းတွေလည်း ကိုင်တွယ်ပုံ မလှတာတွေ့ ရတယ်။ သူ့ လွှဲ၊ ကိုယ့်လွှဲ နေကြတာ စိတ်ပျက်စရာပါ။ ဖမ်းတာဦးဆောင်သူတွေ လည်း ဝေလေလေ ပျောက်သွားလို့  ဖြတ်သန်းရာက ဝင်ပါသူ ကျွန်တော်က ပဲ လာပို့ သူအဖြစ်မှတ်တမ်း ဝင်ရပါတယ်။
တကယ်မို့  ထိပ်တိုက်တွေ့ တာ ကိစ္စမရှိပေမယ့် ယခုလိုမျိုး ကတော့ မြန်မာပြည် သိက္ခာကျစေပါတယ်။
ATTENTION