ဧပြီလ ၁၂ ရက် ၂၀၁၃
ကျပ်(၁၅၀၀)တန် ဖုန်းဆင်းမ်ကဒ်တွေကို ရပ်ကွက်ရုံးမှာ လျှောက်ထားနိုင်ကြောင်း ဧပြီလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ရဲ့ ရပ်ကွက်တချို့ မှာ လိုက်လံကြေညာခဲ့ တာရှိသလို ရပ်ကွက်ရုံးတွေမှာလည်း ကြေငြာထားတာ တွေ့ရပါတယ်။
အိမ်ထောင်စုတစုမှာ တဦးသာ ဆင်းကမ် လျှောက်ထားနိုင်ပြီး အိမ်ထောင်စုဇယားမိတ္တူ၊ နိုင်ငံသားစစ်ဆေးရေးကတ်ပြား
ရောင်းချဖို့ သတ်မှတ်ထားတဲ့ အလုံးရေအတွက်ထက် လျှောက်ထားသူ ပိုများပါက မဲဖောက်စနစ်နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ဧပြီလ ၂၂ ရက်နေ့အထိ လျှောက်လွှာတွေ ပေးပို့နိုင်တယ်လို့ ပြောကြားထားပါတယ်