
Eleven Created on Wednesday, 01 May 2013 12:22
ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်တွင် တည်ဆောက် အကောင်အထည် ဖော်နေသော သီလ၀ါ အထူးစီးပွားရေးဇုန် တည်ဆောက် အကောင်အထည်ဖော်ရာ ၀န်းကျင်ရှိ ကျူးကျော်များအတွက် လျော်ကြေးငွေ စဉ်းစားရာတွင် အမှန်တကယ် ရသင့်ရထိုက်သည့် သူများအတွက်ကိုသာ ပေးရန် စဉ်းစားထားကြောင်း သတင်းရရှိသည်။
"သီလ၀ါ အထူးစီးပွားရေးဇုန်ကို အကောင်ထည် ဖော်တဲ့နေရာမှာ ကျူးကျော် ကိစ္စတွေကို ဘယ်လိုကိုင်တွယ် ဆောင်ရွက်သွားရမလဲဆိုတဲ့ အပိုင်းက တော်တော်လေးကို ခက်ခဲပါတယ်။ ဒီနေရာမှာ အစဉ်အလာအားဖြင့် တကယ်နေလာခဲ့တဲ့ သူတွေ ရှိတယ်။ ဒီလူတွေက တကယ်ရထိုက်တဲ့ သူတွေပါ။ ဒါပေမဲ့ တချို့ကျတော့ အခုစက်မှုဇုန် အကောင်အထည်ဖော်မှ
ယင်းကျုးကျော် ရပ်ကွက်များ ဖယ်ရှားရေးကိစ္စမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် သက်ဆိုင်သော်လည်း လက်တွေ့ဖြေရှင်းရာတွင် အခက်အခဲ ရှိနေကြောင်း။ ထို့အတွက် သီလ၀ါ စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် JICA မှ အကြံပေးရန်နှင့် လိုအပ်သည့် နည်းပညာ အကူအညီများပေးရန် စီစဉ်ထားကြောင်း သိရှိရသည်။
"အခု လောလောဆယ် စာရင်းတွေ ကောက်ယူနေတယ်။ ပြဿနာပေါင်းစုံ ရှိနေတယ်။ ရသင့်ရထိုက်တဲ့သူ ရှိသလို တဲအသစ်တွေ ၀င်လာပြီး လျော်ကြေးတောင်းလာတာ မျိုးတွေလည်း ရှိတယ်။ အဲဒီနေရာမှာ ဟိုတယ်လုပ်ငန်းရှင်လို လူမျိုးကလည်း ကျူးကျော်နေရာမှာ လာယူထားတာ တွေ့ရတယ်။ အခု JICA လည်း ခေါင်းခြောက်နေတယ်။ မြေဈေးက ကောင်းလာတော့ အလားအလာရှိတဲ့ နေရာတွေမှာ ၀င်ယူလာကြတာမျိုး တွေ့ရပေမယ့် ပိုင်ဆိုင်မှု (ownership title) မပြနိုင်ကြဘူး" ဟု ၎င်းက ပြောပြခဲ့သည်။
အဆိုပါဒေသရှိ ရွာနှစ်ရွာဖြစ်သော အေးမြသီတာရွာနှင့် ရွှေပြည်သာယာ ရွာတို့အား နိုင်ငံတော်မှ တရားဝင် ချပေးထားကြောင်း၊ အဆိုပါဒေသ ၀န်းကျင်မှ လူများ ယခင်က လျော်ကြေး မရရှိသေးခဲ့ကြောင်းနှင့် မတူညီသည့် အခြေအနေနှစ်မျိုး တွေ့နေရကြောင်း လေ့လာသူတို့က ပြောပြခဲ့သည်။ ထို့အတွက် ထိုမတူညီသည့် အခြေအနေ နှစ်မျိုးအတွက် သီးခြားကိုင်တွယ်သွားရန် လိုနေကြောင်း သုံးသပ်ကြသည်။ အစဉ်အလာအားဖြင့် စီမံကိန်းရှိသည့် နေရာများတွင် မြေဈေးတက်လေ့ရှိပြီး ယင်းကဲ့သို့ လျော်ကြေးများအား စဉ်းစားရာတွင် မည်သည့်နိုင်ငံတွင်မှာ ပေါက်ဈေးဖြင့် လျော်ကြေးပေးလေ့ မရှိကြောင်း ဥပမာ အိန္ဒိယကဲ့သို့ နိုင်ငံတွင်လည်း လွန်ခဲ့သည့် သုံးနှစ်ပေါက်ဈေး အပေါ်တွင် ၁၀ ရာခိုင်နှုန်း ထပ်ဆောင်းပေးလေ့ ရှိကြောင်း သိရှိရသည်။
"ဥပမာ ကိုရီးယားနိုင်ငံမှာ ဆိုရင်လည်း market value ကို ကြည့်တယ်။ ပြီးရင် လွန်ခဲ့တဲ့ သုံးနှစ်ဈေးကို ကြည့်တယ်။ ပြီးရင်ပြန်နုတ်လိုက်ရင် capital gain ရမယ်။ အဲဒီအပေါ် ၉၀ ရာခိုင်နှုန်း အခွန်ပြန်ဆောင်ခိုင်းတယ်။ တချို့လည်း land title မရှိဘဲ သိန်းထောင်ချီ လိုချင်နေတယ်။ နှစ်ဦးနှစ်ဘက် ကြည့်ဖို့လိုတယ်။ အမှန်က ရသင့်ရထိုက်သည့်သူ ရဖို့လိုတယ်" ဟု ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောပြခဲ့သည်။