Searching...

၃၀.၅.၂၀၁၃ ရက်နေ့ လားရှိုးမြို့ အခြေအနေ



ယနေ့ လားရှိုးမြို့ အခြေအနေမှာ တည်ငြိမ်လျှက်ရှိပြီး တာဝန်ရှိသူများမှ လည်း ဆူပူအကြမ်းဖက်သူများအား စုံစမ်းဖမ်းဆီးစစ်ဆေး အရေးယူလျှက်ရှိနေပါတယ် ။

ယနေ့မနက် ပိုင်းတွင် လားရှိုးမြို့မဈေး သားငါး၊ကုန်စိမ်းဈေူးသည်များ ပုံမှန်အခြေအနေအတိုင်းရောင်းဝယ်မှုရှိနေသော်လည်း ဈေးအတွင်းကော လဟာလ အချို့ပြန့်နှံမှု့ကြောင့် ခေတ္တ အရောင်းအဝယ်များရပ်ဆိုင်းခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများရောက်လာသည့်အခါ ပုံမှန် အခြေအနေအတိုင်းပြန်လည်ရောင်းဝယ်မှု ပြုလုပ်လျှက်ရှိနေပါတယ်။

မြှိုခံလူထုမှာလည်း အခြေအနေကို စောင့်ကြည့်

လျှက်ရှိနေပါတယ်။ သာမန် လက်လုပ်လက်စား နေစားသမားများအနေနှင့် ယခုလို မြို့ အခြေအနေ လုံးဝ စိတ်ချရမှု မရှိသေးတဲ့အတွက် ပုံမှန်လုပ်ငန်းဂွင်ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးပါ..။

ထို့ကြောင့် စားဝတ်နေရေးအတွက် စုဆောင်းထားသော ရွှေတိုရွှေစများအားနီးစပ်ခင်မင်ရာ ငွေကြေးပြေလည်သူများထံ ပေါင်နှံ့လျှက် စားဝတ်နေရေးဖြေရှင်းနေရကြောင်း ကွမ်းယာရောင်းသူအမျိုးသမီး တစ်ဦးထံမှ စုံစမ်းသိရှိခဲ့ရပါတယ်။

လုံခြုံ့ရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိတော့ပေမယ့် ပြန်လည်ထူထောင်းရေးနှင့် ပဋိပက္ခအခြေအနေကြောင့် ဒုက္ခသည်ဦးရေ အနည်းငယ်များပြားလျှက်ရှိနေပါတယ်။

ဒုက္ခသည်များအတွက် လုံလောက်သည့်ဆေးဝါး၊အစာနှင့် ရေများ လိုအပ်လျှက်ရှိနေကြောင်းကိုလည်း မြို့ခံ ဆ၇ာတော်တပါးမှ ပြောပြသဖြင့် သိရှိခဲ့ရပါတယ် ။ ပဋိပက္ခ အခြေအနေကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့၇သော ဘာသာရေးအဆောက်အဦးများ နှင့် နေအိမ်ဆိုင်ခန်းများ အားလည်း ရှင်းလင်းရန် ပြင်ဆင်မှုများပြုလုပ်လျှက်ရှိကြောင်းတွေ့ရှိခဲ့ရပါတယ်။

ကောလဟာလများမှာတော့ ပျံနှံ့လျှက်ရှိနေပြီး တာဝန်ရှိသူများမှ လည်းအချိန်မှီတာဆီးနိုင်ရန်အတွက် လုံခြုံရေးအင်အား ထပ်မံတိုးချဲ့လျှက် မြို့အနှံ့ ဖြန့်ကျက်ထားကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးဇော်လင်းမှ ပြောပြသဖြင့်သိရှိခဲ့ရပါတယ်

ယခုလက်ရှိအခြေအနေတွင် လုံခြုံရေးဆောင်ရွက်မှုအား မှတ်တမ်းတင်ဓါတ်ပုံရိုက်မိသော မြို့ခံပြည်သူတစ်ဦးအား အမှတ်(၅၂၁)တပ်ရင်းမှူးဆိုသူမှ ဖမ်းဆီးလျှက် လားရှိုးအမှတ်(၁)ရဲစခန်းသို့ ပို့ဆောင်ပြီး ၊၄င်းမှ ရဲစခန်းသို့ လုံခြုံရေးတာဝန်ကျ တပ်ဖွဲ့ဝင်များအား ခွင့်ပြုချက်မရရှိဘဲ ဓါတ်ပုံရိုက်သည်ြ့လူတစ်ဦးပို့လိုက်မည့်အကြောင်း အဆိုပါမြို့ခံလူအား မည်သို့မည်ပုံ အရေးယူထားကြောင်းကို ၄င်ထံ အချိန်မှီ အကြောင်းကြားရန် ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပါသည်။

၎င်းနှင့် မလှမ်းမကမ်းတွင် ကျွန်တော်ရှိနေပါသဖြင့် ကျွန်တော့်အားလည်း မင်းတို့လည်းကြည့်ထား ခွင့်ပြုချက်မရဘဲ လုံခြုံရေးတွေကို ဓါတ်ပုံရိုက်လျှင် အရေးယူခံရမည့်အကြောင်းပြောကြားခဲ့ပါသည် ။

ယခုလို ၄င်းအနေနှင့် သတင်းထောက်နှင့် ပြည်သူများအပေါ် ဆံဆက်ပုံမှာ အာဏာရှင်ဆန်လွန်းကြောင်း၊ ထင်မြင်မိပါတယ်။ ယခုလို လုံခြုံ့ရေးဆောင်ရွက်နေမှု ကို သိရှိမှ သာလျှင် အကြမ်းဖက်ဖျက်ဆီး သူများ မှ ရှေုဆက် မတိုးဝံနိုင်မှာဖြစ်ပါတယ် ။

တကယ် အရေးယူခံရမှာပါလား ၊ တကယ်ပစ်တော့မှာပါလာဆိုတဲ့ အသိ အကြမ်းဖက်ဖျက်ဆီးသူတို့သိရှိမှ သာလျှင် အကြမ်းဖက်မှုများ အချိန်မှီရပ်တန်ကသွားမည်ဟု ထင်မြင်မိပါတယ်။

ဆက်လက်ပြီး လားရှိုးမြို့ လုံခြုံရေးဆောင်ရွက်မှု အခြေအနေများကို ကျွန်တော်တတ်သိနားလည်သလောက် တင်ဆက်သွားပါအုံးမည် ။

Posted From Sanay Ninetwofive
 
အပေါ်သို့!