Searching...

ပဲခူးတိုင်း မုန်းမြို့တွင် ဗလီဖျက်မှုဖြစ်




နော်နိုရင်း
ဒီမိုကရက်တစ် မြန်မာ့အသံ
30.5.2013

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မုန်းမြို့မှာ အရပ်သား အချင်းချင်း စကားများရာ ကနေ မေ ၂၉ ရက်နေ့ ညနေပိုင်းမှာ ဗလီတလုံးနဲ့ နေအိမ်တလုံး ဖျက်ဆီးခံရပါတယ်။

နယ်မြေခံတဦးရဲ့ ပြောဆိုချက်အရ မနက် ၁၀ နာရီကတည်းက မြန်မာ ၂ ဦးနဲ့ အစ္စလာမ် သာသာဝင် ၂ ဦး အချင်းများ ရန်ဖြစ်ပြီး ရဲက အစ္စလာမ်ဘာသာဝင် ၃ ဦးကို ထိန်းသိမ်း ခဲ့ပါတယ်။

ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ အဖြစ် မြို့ခံ ဘုန်းကြီး ၁၅ ပါးခန့်ဟာ ဆောက်လုပ်ဆဲ ဗလီတလုံးနဲ့ နေအိမ် တလုံးကို ဖြိုချ ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ကျောက်ကြီးနဲ့ ၂၂ မိုင်အကွာ တောင်ငူနဲ့ မိုင် ၄၀ ခန့် အကွာမှာရှိတဲ့ မုန်းမြို့က ဒီဖျက်ဆီးမှုကို ခရိုင် အဆင့် အာဏာပိုင်တွေ လာရောက် ဖြေရှင်းလို့ အေးချမ်း သွားတယ် လို့လည်း ပြောပါတယ်။

“ကျနော်တို့ ဒီဘက်က အားလုံးလည်း ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်သွားပါပြီ။ ဌာန ဆိုင်ရာ တွေလည်း လာတယ်။ ခရိုင် ရဲမှူး တွေ ဘာတွေ အားလုံးလည်း ရောက်ချ လာပါတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ် လားရှိုးမြို့ မှာလည်း ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ အကြမ်းဖက်မီးရှို့ ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ ပါတယ်။

မီးရှို့ ဖျက်ဆီးမှု တွေကြောင့် လူနေအိမ် ၅ လုံး၊ ဘာသာရေး အဆောက်အအုံ ၃ လုံး၊ ရုပ်ရှင်ရုံ ၁ လုံး၊ ဂိုဒေါင် ၄ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီး၊ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ပြီး လူ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အစိုးရက သတင်း ထုတ်ပြန် ထားပါတယ်။

မနှစ်က မေ ၂၉ ရက်မှာ ရခိုင်ပြည်နယ်မှာ အစပြုခဲ့တဲ့ အကြမ်းဖက် ဖျက်ဆီးမှုတွေဟာ မန္တလေးတိုင်း မိတ္ထီလာ၊ ပဲခူးတိုင်း အနောက်ခြမ်း၊ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်တွေမှာလည်း ကူးစက် ဖြစ်ပွားခဲ့ပါတယ်။

မူရင်းလင့်ခ် ။ ။ http://burmese.dvb.no/archives/40072
 
အပေါ်သို့!