Unknown 6:49 AM 0 ဝေဖန်မှု့အရေအတွက် တက္ကသိုလ်ဘာသာရပ်ကို ဆယ်တန်းအမှတ်ဖြင့် မဆုံးဖြတ်ရန် တစ်နိုင်ငံလုံးက သဘောတူသည်ဟုဆို ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ Home » Unlabelled » တက္ကသိုလ်ဘာသာရပ်ကို ဆယ်တန်းအမှတ်ဖြင့် မဆုံးဖြတ်ရန် တစ်နိုင်ငံလုံးက သဘောတူသည်ဟုဆို ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ တက္ကသိုလ်တွင်သင်ကြားမည့် အထူးပြုဘာသာရပ်ကို ဒသမတန်းအောင်မြင်သည့် အမှတ်အရေအတွက်ဖြင့် မဆုံးဖြတ်ရန် နိုင်ငံအနှံ့အပြား၌ ပြုလုပ်ခဲ့သည့် ပညာရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိခဲ့ကြောင်း နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေး ကွန်ရက်၏ ကိုယ်စား ဒေါက်တာသိန်းလွင် က ပြောသည်။ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေး ညီလာခံကျင်းပရေး အကြိုရှင်းလင်းသည့် ရန်ကုန်မြို့တွင် ဇွန် ၃ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သူက ပြော ကြားခဲ့ခြင်းဖြစ်သည်။ မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရန် ရည်ရွယ်ကာ ပညာရေးနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်နေသူများ စုပေါင်းဖွဲ့စည်းထားသည့် ၎င်းတို့၏ ကွန်ရက်သည် နိုင်ငံအနှံ့အပြား၌ ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ရာ တက္ကသိုလ်အထူးပြုဘာသာကို အမှတ်ဖြင့် မဖြတ်ရေး သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း ဦးသိန်းလွင် က ရှင်းပြသည်။ ''မြန်မာနိုင်ငံရဲ့ ပညာရေးမူဝါဒတွေရရင် ရေးဆွဲပြီးတော့ ပြည်သူ့လွှတ်တော်ကို တင်ပြမယ်'' ဟုလည်း သူက ဆိုသည်။ တက္ကသိုလ်ဘာသာရွေးချယ်ခွင့်နှင့် ပတ်သက်၍ ဒဂုံတက္ကသိုလ် ဒဿနိကဗေဒ တတိယနှစ် ကျောင်းသား တစ်ဦးက ''အမှတ်ပေးစည်းမျဉ်းနဲ့ မဟုတ်ဘဲ လွတ်လပ်စွာရွေးချယ်တာ မကောင်း ဘူးလို့ ထင်တာပဲ။ သူတို့ အမှတ်က တစ်ဘာသာ ၄ဝ ကျော်ရပြီးတော့မှ ဆေးကျောင်းတက်ချင်လို့ရပါ့မလား'' ဟု ဝေဖန်သည်။ အေးအေးကျော် [Mizzima] Share This To : Facebook Twitter Google+ StumbleUpon Digg Delicious LinkedIn Reddit Technorati