Unknown 5:45 AM 0 ဝေဖန်မှု့အရေအတွက် မန္တလေးမြို့တွင်ကောလဟလတစ်ချို့ပြန့်နှံ့ Home » Unlabelled » မန္တလေးမြို့တွင်ကောလဟလတစ်ချို့ပြန့်နှံ့ ယနေ့ မနက် ၁၁နာရီအချိန်တွင် မန္တလေးမြို့ ၃၅လမ်း၊ ၇၆လမ်းရှိ အမှတ်(၃) အထကကျောင်းကို မီးရှိုနေသည်၊ မီးရှို့မည် ဆိုသည့် ဆိုင်ကယ်နှင့် လူတစ်စုက မဟုတ်မမှန်အော်ဟစ်သွားကြောင့် ယင်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို မိဘများက သွားရောက် ခေါ်ယူနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အမှတ်(၃) အထကကျောင်းအနီးတွင် ဆိုင်ကယ်နှင့် လူတစ်စုက မီးရှို့မည်ဟု အော်ဟစ်ကာ မောင်းပြေးသွားသည့်အတွက် တာဝန်ရှိသူများလိုက်လံ ဖမ်းဆီးလျှက် ရှိသည်။ယင်းကျောင်းတွင် အစ္စလမ်ဘာသာ ကိုးကွယ်သည့် ကလေးငယ်များ အများဆုံး နေထိုင်သည့် ကျောင်း ဖြစ်သည်။ တာဝန်ရှိသူများက အခြေနေကို အချိန်မီ ထိန်းသိမ်းထားနိုင်ပြီ ဖြစ်သည်။ သတင်းနှင့် ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ Share This To : Facebook Twitter Google+ StumbleUpon Digg Delicious LinkedIn Reddit Technorati