Popular Myanmar News Journal
ဘာသာရေး၊ လူမျိုးရေးခေါင်းစဉ်တပ် အကြမ်းဖက်မှုသည် တစ်နှစ်တောင် ပြည့်ပါတော့မည်။ ရခိုင်တွင်ဖြစ်ပွားခဲ့ပြီးနောက် ဆက်တိုက်ဆိုသ လို ဖြစ်ပွားနေမှုများမှာ ယခုဂိတ်ထိုးလာသည်က လားရှိုးဖြစ်သည်။ ပဋိပက္ခသည် ကြောက်မက်ဖွယ်အတိ။လူတွေလည်းသေ၊ ကျန်ရစ်သူအချို့က လည်း နေ့ချင်းညချင်းဆိုသလို အိုးမဲ့အိမ်မဲ့။ ဘာသာတရားတိုင်းက ညွှန်းဆိုခဲ့သော မေတ္တာတရားမှာ အကြမ်းဖက်မှု အောက်တွင် အသရေ ပျက်ခဲ့ရသည်။
ဒီအတိုင်းနေလို့တော့မရ။ အကြမ်းဖက်မှုအန္တရာယ်ကို
ဆက်လက်ရှင်သန်ခွင့်ပြုနေလို
့ မရ။ ကျွန်တော်တို့ တားဆီးရမည်။ ကျွန်တော်တို့ အမြ စ်ဖြတ်ကြရပေမည်။ မည်သို့မည်ပုံ အမြစ်ဖြတ်သင့်သနည်း။ ကျွမ်းကျင်သူအချို့၏အမြင်ကို စုစည်းတင်ဆက်လိုက်ပါသည်။ အကြမ်းဖက်မှု အန္တ ရာယ် ဘယ်လို အမြစ်ဖြတ်ကြမလဲ။
ဒေါ်ဒွဲဘူ
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဒါကပြောဖို့ ခက်ပါတယ်။ တကယ် ပဲ ဘာသာရေး အသွင်ဆောင်တာလား။
နိုင်ငံရေးအကျိုးအမြတ် တစ်ခုအတွက် ဘာသာရေးကို ခုတုံးလုပ်တာ လား ဆို တာကို
အဓိကလေ့လာဖို့လိုအပ်ပါ တယ် ။အရင် အစိုးရခေတ်ကဆို ဗုဒ္ဓ
ဘာသာကလွဲပြီးတခြားဘာသာတွေကို
တော်တော်လေး အခွင့် အရေး မပေးခဲ့ ဘူးလေ။ အဲ့ဒီတုန်းက ဒီလိုမျိုး ပြဿ နာတွေ
သိပ်မရှိခဲ့ဘူးလေ။ ကျွန်မတို့ ခရစ်ယာန်ဆိုလည်း တော်တော်လေး
လှိမ့်ခံရတာပဲလေ။ ဒါပေမဲ့ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ဖြစ်မှ မဖြစ်ခဲ့တာပဲ။
အခု ကျွန်မ အမြင်တော့ ဘာသာ ရေးမဟုတ်ဘူးလို့ မြင်တာပဲ။ နိုင်ငံရေး
အကျိုးအမြတ်တစ်ခုအတွက် ဘာသာ ရေးအကြောင်းပြပြီး ဝင်အကြမ်း ဖက် တယ်လို့ပဲ
မြင်ပါတယ်။ ဗုဒ္ဓဘာသာက လည်း သည်းခံခြင်းတရားနဲ့ပဲ၊ မွတ်ဆ လင်ရော၊ ကျွန်မတို့
ခရစ်ယာန်တွေရော အကုန်လုံး သည်း ခံခြင်းတရား အဆုံး အမနဲ့ နေလာခဲ့တာပဲ။
မဖြစ်ခင်ကတည်းက ကြိုတင် ဖော်ထုတ် အရေးယူတဲ့အပိုင်းမှာ အ
ရမ်းအားနည်းပါတယ်။ အခုလိုမျိုး ပဋိ ပက္ခတွေဖြစ်၊ မီးလောင်ဆုံးရှုံးမှုဖြစ်
ပြီးမှ ဖမ်းဆီး အပြစ်ပေးတာထက်စာရင် ကြိုတင်ကာကွယ်နိုင်ရင် ပြည်သူတွေ အတွက်
ပိုကောင်းတာပေါ့။ တရား ဥပဒေစိုးမိုးမှု ပိုရှိလာတယ်လို့ ပြော လို့ရ မှာပေါ့။
ကျွန်မအမြင်ကတော့ ရဲ ထောက်လှမ်းရေးတို့၊ြှ တို့လိုမျိုးဟာ တွေဟာ
တော်တော်အားနည်းတယ်လို့ မြင်ပါတယ်။ အဲ့ဒီဘက်မှာ အင်အား လည်း
တိုးသင့်တယ်လို့ ထင်ပါတယ်။ ပြီးတော့ နိုင်ငံတကာနဲ့အညီဖြစ်အောင်သင်တန်းတွေ၊
နိုင်ငံတကာမှာ ဘယ်လို လုပ်ကိုင်ဆောင်ရွက် လဲ သိရအောင် ပညာသင်တွေလည်း
အများကြီးလွှတ်ဖို့ လိုပါလိမ့်မယ်။ အဲ့ဒါမှ ကိုယ့်နိုင်ငံမှာ
အကြမ်းဖက်မှုတွေက ကာကွယ်နိုင်မှာ ပေါ့။ ဒါဟာ တရားဥပဒေစိုးမိုးရေး ကိုလည်း
အများကြီးအထောက်အကူ ပြုပါလိမ့်မယ်။ အခုလိုမျိုး ပြည်နယ်နဲ့ တိုင်းတွေမှာ
အကြမ်းဖက်မှုေ တွ တောက်လျှော က် ဖြစ်နေတာဟာ နိုင်ငံ ရဲ့
အပြောင်းအလဲဖြစ်စဉ်ကို ထိခိုက် လာနိုင်တာ သတိထားရပါမယ်။ ပြီး တော့
ပဋိပက္ခဖြစ်တဲ့နေရာတွေဟာ ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသွားတဲ့
နေရာအနီးတစ်ဝိုက်မှာ ဖြစ်တဲ့ကိစ္စ အပေါ်လည်း ဂရုစိုက်သင့်တယ်။ ပဋိ
ပက္ခဖန်တီးလိုတဲ့သူတွေဟာ အဲ့ဒါတွေ ကို သွားထိလိုက်ရင် ဆုံးရှုံးမှု အရမ်း
ကြီးမှာဆိုတော့လေ။ ကျွန်မတို့နိုင်ငံက လည်း အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့ပိုက်
လိုင်းနဲ့ဆိုတော့ အဲဒီနေရာတွေမှာ ဖြစ် ခဲ့ရင်ဘယ်လို ကာကွယ်မလဲဆိုတာ
ကြိုပြီး ပြင်ဆင်ထားသင့်တယ်။ ဒါဟာ အစိုးရတစ်ခုတည်းရဲ့ တာဝန်မဟုတ် ဘူး။
ပြည်သူတွေမှာလည်း တာဝ န်ရှိ တယ်။ ဒီလို အဖျက်လုပ်ငန်းတွေကို
တားဆီးကာကွယ်ဖို့ဆိုတာ အစိုးရမှာ တင် မဟုတ်ဘဲ ပြည်သူတစ်ဦးချင်းစီက
အသိစိတ်အပြည့်နဲ့ တာဝန် ယူစေချင် တယ်။
ဒီလို ပဋိပက္ခတွေ
လုံးဝရပ်ဆိုင်း သွားဖို့က အချင်းချင်း ချစ်ခြင်းမေတ္တာ ထားဖို့ပဲ။
ဒို့နိုင်ငံရဲ့ သွားနေတဲ့ နိုင်ငံ ရေးလမ်းကြောင်းကိုလည်း အားလုံးက
ဝိုင်းဝန်းကူညီဖို့ လိုပါလိမ့်မယ်။ ပဋိပက္ခ ဆိုတာကတော့ တကယ့် ဒီမိုကရေစီ
ထွန်းကားတဲ့နိုင်ငံတွေမှာတောင်
လုံးဝ ချုပ်ငြိမ်းတယ်မှ မရှိတာ။ အားလုံး စုစည်းထိန်းသိမ်းရမှာပါ။
လုံးဝချုပ်ငြိမ်း သွားဖို့ဆိုတာ အင်မတန် ခဲယဉ်းပါ တယ်။ လူအမျိုးမျိုး၊
စိတ်အထွေထွေဆို တော့လေ။
ဦးကိုနီ
(တရားလွှတ်တော်ရှေ့နေ)
ဘာသာရေးပဋိပက္ခတွေ မငြိမ်း သေးတာ ငြိမ်အောင်မလုပ်လို့ မငြိမ် တာ။
တည့်တည့်ပြောရရင် ငြိမ်အောင် လုပ်ရင် သိပ်ပြီးတော့ ငြိမ်ပါတယ်။ ၈၈
အရေးတော်ပုံမှာ တစ်တိုင်းပြည်လုံး ဆန္ဒပြနေတာ။ ၂ဝဝ၇ ခုနှစ် သံဃာ့ အရေးအခင်း
ငြိမ်သွားတာပဲဗျာ။ ပြဿနာဖြစ်တာနဲ့ ချက်ချင်း ရဲက ဝိုင်းမယ် ဖမ်းဆီးမယ်။
ဒီလောက်ပုံတူ လေးတွေ ဖြစ်နေတာကိုမှ ပြဿနာ ဖန်တီးတဲ့သူတွေကို
မိအောင်မဖမ်းနိုင် ဘူးဆိုတော့ ထိရောက်တဲ့ အရေးယူမှု မလုပ်နိုင်ဘူးဆိုရင်
အဲဒီလို မလုပ်သေး သရွေ့ ဒီပြဿနာ ငြိမ်းသွားမှာ မဟုတ်ပါဘူး။ အဓိက
တာဝန်အရှိဆုံးကတော့ အုပ်ချုပ်ရေး ဌာနပဲ။ ပြည်ထဲရေးဝန်ကြီး ဌာနက
တာဝန်အရှိဆုံးပဲဗျ။ ဥက္ကံဆိုရင် လည်း တော်တော်အရေးယူတာ များ လာတယ်။ ဥက္ကံမှာ
ချက်ချင်းထိန်း တယ်။ ပြီးတာနဲ့ အရေးယူတယ်။ တော်တော်ကို
ဖမ်းတယ်ဆီးတယ်။ရုံးဘယ်နှယောက်တင်တယ်တော့
မသိ ပါဘူး။ အခု လားရှိုးဆိုရင်လည်း ချက်ချင်းထိန်း တယ်။ သာသနာရေး ဝန်ကြီးက
အန္တရာယ်တွေကြားထဲမှာ စပီကာနဲ့ လိုက်အော်နေတယ်ဆိုတာ တော်တော်လေးစားဖို့
ကောင်းတယ်။ တကယ် တမ်း အဲဒီအလုပ်က ပြည်ထဲ ရေးကလုပ်ရမှာ။ ဆူပူတာ၊ သောင်း
ကျန်းတာ အကြမ်းဖက်တာ၊ လူသတ် တာ၊ မီးရှို့တာ၊ လုတာတွေက ကြီးလေး တဲ့
ပြစ်ဒဏ်တွေပါ။ ဒါမရှိစေချင်ရင် လွယ်လွယ်လေးပါ။ နံပါတ် ၁ ကြို တင်ပြီးတော့
သတင်းထောက်လှမ်းပြီး ဆူပူအောင် လှုံ့ဆော်နေသူတွေကို ဖမ်း မယ်။ အဲဒါကို
မီဒီယာကနေ ဘယ်နေရာ မှာ ဆူပူအောင် လုပ်လို့ဖမ်းဆီးအရေး ယူလိုက်ပါတယ်လို့
ကြိုတင်လုပ်ရမယ်။ ဒုတိယအဆင့် က ဖြစ် ပြီဆိုတဲ့အချိန်မှာ ထိထိရောက်ရောက်
အရေးယူရမယ်။ ဥပမာ ရာဘာကျည်နဲ့ ပစ်တယ်ဆိုပါ တော့။ ရော်ဘာကျည်ဆန်နဲ့မှ မရရင်
ကျည်ဆန် အစစ်နဲ့ ပစ်ရမယ်။ အိမ်မီးရှို့ တဲ့အခါမျိုးပေါ့။ အဲဒီလို လုပ်တဲ့အခါ
လုပ်တဲ့သူတွေဟာ မရဘူးဟ ဒီလိုမျိုး လုပ်ရင် ပစ်တာပဲကွဆိုပြီး သိသွားရင်
ရှဲသွားကြမျာပါ။ နောက် တတိယအဆင့် က ပြဿနာဖြစ်ပြီးရင် ပြဿနာလုပ်တဲ့ နေရာမှာ
ပါတဲ့သူအားလုံးကို ထိထိရောက်ရောက် အရေးယူရ မယ်။ ဒီနေ ရာမှာ ကုလား-ဗမာ
မလိုချင်ဘူး။ အားလုံးကို အရေးယူပေးရမယ်။ အဲဒီလို ထိထိရောက်ရောက် လုပ်မယ်
ဆိုရင် ဒီပြဿနာဟာ ပြီးသွားပြီပေါ့။ ဒီပြဿနာရပ် တန့်သွားပြီဆိုမှ ပြန်လည်
သင့်မြတ်ရေးကို လုပ်ရမှာပါ။ ပြန်လည်သင့်မြတ်ရေးဆိုတာမှာ
ရှင်းရှင်း ပြော ရရင် ချစ်ပြီး သားဗျ။ တကယ့် တကယ် ပြဿနာပေါ်ရင်
ကာကွယ်ပေးနေတာ ဗုဒ္ဓဘာသာတွေပဲ။ သူတို့မှ မကာကွယ် ရင်ရော ဒီလူနည်းစုက
ဘယ်သွားမလဲ ဗျာ။ ဖြစ်ချင်တဲ့သူ ရှိတယ်။ မဖြစ်ချင်တဲ့ သူရှိတယ်။
နည်းနည်းပါးပါးအထင် လွဲတာလေးတွေကို ရှင်းပြရင် ပြီးပါ တယ်။
မှိုင်းမိတဲ့သူတွေပေါ့ဗျာ။ ခုလုပ် ရမှာက စောစောကပြောတဲ့ အချက် သုံးခု၊
သိကြပါတယ်။ အားလုံးက ကြောက်တတ်ပါတယ်။ အရေးမယူတာ သိရင်တော့ ဆော်မှာပေါ့ဗျာ။
ဘာဖြစ် လို့လဲဆိုတော့ ပစ္စည်းလုရတာက တော် တော်ကို အရသာရှိတာကိုးဗျ။ ရုတ်ရုတ်
ရုတ်ရုတ်ဖြစ်ပြီဆိုရင် သူများ ရှာဖွေ ထားတဲ့ဟာကို အသာလေး ကောက်
ယူသွားကြဆိုတော့ အဓိက ကတော့ အုပ်ချုပ်ရေးက ထိရောက်ရင် ပြီးသွား မယ့်ကိစ္စပါ။
ဓာတ်ငွေ့ပိုက်လိုင်းနဲ့ နီးစပ် တဲ့နေရာတွေမှာ ဖြစ်တယ် ဆိုတာ
မှာကျွန်တော်တို့က တရုတ်ကို မကြိုက် ရင် တည့်တည့်ဆန္ဒပြပေါ့။ ဓာတ်ငွေ့
ပိုက်လိုင်းကို မကျေနပ်ရင် ပိုက် လိုင်းကို လုပ်လို့ရတယ်ဗျ။ လူသတ်တာ၊
အဆောက်အအုံတွေ မီးရှို့တာတွေမှာ ဒီလိုလုပ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့က
ဟိုဘက် သည်ဘက် အကုန်တွေးမှာပဲ။
အောင်ထက်(NYK ) ၊
ကျော်ရဲလင်း