ဂျပန်ထုတ်လုပ်သူ Mr. Takeo Shikama ၊ ဒါရိုက်တာ Mr. Cin Calve တို့နှင့်တွေ့ဆုံခြင်း
Saturday, June 08, 2013
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သက်တမ်း ၂ နှစ်ပြည့်ချိန်တွင် ဂျပန်-မြန်မာ ဆက်ဆံရေးသည်လည်း သိသိသာသာ ပြောင်းလဲလာသည် ကို တွေ့မြင်ရသည်။ ဂျပန်-မြန်မာ ဆက်ဆံရေးသည် ယခုမှသာ ဆက်ဆံခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံလွတ်လပ်ရေးရရန
ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီက ‘GENERAL AUNG SAN’ အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးရန် စီစဉ်လျက်ရှိသည်။
ယင်းရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ထုတ်လုပ်သူ Mr. Takeo Shikama နှင့် ဒါရိုက်တာ Mr. Cin Calve တို့ကို မြန်မာနိုင်ငံ ရောက်ရှိခိုက် တွေ့ဆုံ မေးမြန်း ထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
Voice : မြန်မာနိုင်ငံလာရတဲ့ အကြောင်းအရင်းကို ပထမဆုံးသိပါရစေ။
TS : မီနာမီကီကန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်
Voice : ‘GENERAL AUNG SAN ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရတဲ့ အဓိကရည်ရွယ်ချက်ကိုလည်း သိပါရစေ။
TS : မြန်မာ-ဂျပန်ဆက်ဆံရေး မြင့်မားလာပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို လာတုန်းက လူငယ်တွေ တော်တော်များများ ကြိုဆိုကြပါတယ်။ဒါပေမဲ့ ဂျပန်နိုင်ငံက မျိုးဆက်သစ်တွေဟာ အရင်ကတည်းက မြန်မာ-ဂျပန် ချစ်ကြည်ရေး ရှိခဲ့တယ်ဆိုတာ မသိတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို မေးရင်သိတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုမေးရ
Voice : ‘GENERAL AUNG SAN’ ရုပ်ရှင်ကို အဓိကရိုက်ကူးမယ့် ဇာတ်လမ်းက ဘယ်လို ဇာတ်လမ်းမျိုးဖြစ်မလဲဗျ။
CC : အကြမ်းဖျင်းပြောရမယ်ဆိုရင်ေ
Voice : လက်ရှိမြန်မာနိုင်ငံမှာလည်း
CC : မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်
Voice : မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အကြောင်း ရိုက်မယ်ဆိုတော့ ဗိုလ်ချုပ်နဲ့ ပုံစံတူတာကို ရွေးချယ်ပွဲလုပ်ပြီး ရွေးခဲ့ရတယ်။ ‘GENERAL AUNG SAN’ အတွက်ရော ဘယ်လိုရွေးချယ်မလဲ။
CC : ဗိုလ်ချုပ်အောင်ဆန်းလို တစ်ပုံစံတည်း တူရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ဗိုလ်ချုပ်ရဲ့ စရိုက်ပုံစံမျိုး သရုပ်ဆောင်နိုင်ဖို့ပဲ အရေးကြီး ပါတယ်။ တက်သစ်စ သရုပ်ဆောင်တွေကို ရွေးချယ်သွားမှာပါ။ မြန်မာလို သရုပ်ဆောင်ရတဲ့နေရာမှာ မြန်မာလူမျိုးကို ရွေးချယ်ပြီးတော့ အင်္ဂလိပ်လို သရုပ်ဆောင်ရမယ့်နေရာမှာ အင်္ဂလိပ်လူမျိုးကို ရွေးချယ်သွားမှာပါ။ မြန်မာ သရုပ်ဆောင်တွေကို မြန်မာနိုင်ငံမှာပဲမဟုတ်ဘဲ ဂျပန်ထိပါ ခေါ်ရိုက်မယ်။
Voice : ‘GENERAL AUNG SAN’ ရုပ်ရှင်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်စနစ် ကျင့်သုံးခဲ့တဲ့ ဂျပန်ကို တော်လှန် တိုက်ခိုက်ခဲ့တဲ့ ဇာတ်ဝင်ခန်း မျိုး ပါသလားခင်ဗျ။
TS : ဂျပန် - မြန်မာဆက်ဆံရေးအကြောင်း အဓိကရိုက်ကူးတာ ဆိုတော့ လှလှပပလေး ရိုက်ကူးချင်ပါတယ်။ ‘GENERAL AUNG SAN' အောင်မြင်ရင်တော့ Part 1 ၊ Part 2 ဆက်ရိုက်ပါမယ့်။ အဲဒီအခါ ကျရင်တော့ ပါနိုင်ပါတယ်။
Voice : ဒီရုပ်ရှင်ဇာတ်ကား ရိုက်ဖို့အတွက် ကုန်ကျစရိတ် ဘယ်လောက် ခန့်မှန်းထားပါသလဲ။
TS : အမေရိကန်ဒေါ်လာ သန်း၂၀ လောက်တော့ အကြမ်းဖျင်း ခန့်မှန်း ထားတယ်။
Voice : ‘GENERAL AUNG SAN’ ရုပ်ရှင်ဇာတ်ကားက ဘယ်တော့ စမလဲ။ နိုင်ငံတကာကို ဖြန့်ဖို့ရော ဘယ်အချိန်လောက် မှန်းထားသလဲ။
TS : ဒီ ၂၀၁၃ ခုနှစ်အတွင်းမှာပဲ စတင်ရိုက်ကူးမှာပါ။၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အမီ နိုင်ငံတကာမှာ ပြသဖို့ စီစဉ်ထား ပါတယ်။
The Voice Weekly