Saturday, June 08, 2013
တပ်မတော်အစိုးရ လက်ထက် ရန်ကုန်မြို့၌ လျှို့ဝှက်စွာ ကျောင်းတက်
ခဲ့သည့် ကရင်အမျိုးအသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ သမီးဖြစ်သူ နော်ဆာလော်အဲထူးမူတူး ဆေးဖိုးသည် ကရင်ပြည်နယ် မြဝတီခရိုင် အတွင်း ကျပ်သိန်းပေါင်း ၆၀၀ ကျော် အကုန်အကျခံကာ ပုဂ္ဂလိကအလယ်တန်းကျောင်း ဖွင့်လှစ်ခဲ့ကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး
အဆိုပါကျောင်းသည် ကပေါ်ထာဟု အမည်ရပြီး မြန်မာဘာသာဖြင့် လင်းအရုဏ်ဟု အမည်ရကြောင်းနှင့် ထိုကျောင်းသည် ကျောင်းသားများကို အခမဲ့သင်ကြားပေးမည့်
ကျောင်း ဖြစ်ကြောင်း၊ ကျောင်းကို ဇွန်လ ၄ ရက်နေ့ က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊
ယင်းအလယ်တန်းကျောင်းတွင် ကျောင်းသားပေါင်း ၁၀၀၀ ကျော်ကို စာသင်ကြားပေး နိုင်ကြောင်း၊ လက်ရှိတွင် ကျောင်းသားပေါင်း ၈၀ ကျော်ကို ဆရာ ငါးဦးဖြင့် သင်ကြားပေးလျက်ရှိကြောင်း KNU ဥက္ကဋ္ဌက ဆိုသည်။
ယင်းသို့ ကိုယ်ထူကိုယ်ထ အခမဲ့ ကျောင်းများကို ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်
"အစိုးရဖွင့်တဲ့ ကျောင်းတွေကို ပြိုင်ချင်လို့ဖွင့်တာ မဟုတ်ပါဘူး၊ ကရင် ကလေးတွေကို ပညာတတ်ဖြစ်စေချင် တာရယ်၊ ကရင်ဘာသာစကားနဲ့ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းချင် တာရယ် ကြောင့်ပါ" ဟု ၄င်းက ကျောင်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြသည်။
ကပေါ်ထာ (လင်းအာရုဏ်) အလယ်တန်းကျောင်းတွင် အစိုးရသင်ရိုးများနှင့် ကရင်စာပေကို ပေါင်းစပ်သင်ကြား ပေးမည်ဖြစ်ကြောင်း မြဝတီခရိုင် ပညာရေးမှူး ဦးတင့်ဝေသုန်က ပြောကြားသည်။
အဆိုပါအလယ်တန်းကျောင်းတွင် မြဝတီခရိုင်အတွင်းရှိ ကလေးကျေးရွာ၊ မဲကနယ်ကျေးရွာ၊ ထီးမှူးထကျေးရွာ၊ နို့ဖိုး ကျေးရွာတို့မှ ကျောင်းသားများကို ပညာသင်ကြားပေးမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။
အဆိုပါပုဂ္ဂလိကကျောင်း ဖွင့်လှစ်သူ နော်ဆာလော်အဲထူးမူတူးဆေးဖို
The Voice Weekly