Searching...

တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ယာဉ်နံပါတ်များပြောင်းလဲသတ်မှတ်ခြင်း ............................................



တိုင်းဒေသကြီး/ပြည်နယ်များတွင် မှတ်ပုံတင်ထားသည့် ယာဉ်စာရင်းဇယားများ မှန်ကန်ရေး၊ ယာဉ်အရေအတွက် ထိန်းသိမ်းနိုင်ရေး၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေး လူမှုရေး လိုအပ်ချက်များ ထိရောက်စွာ အကောင်အထည်ဖော် ဖြည့်ဆည်းဆောင် ရွက်နိုင်ရေးများ ရည်ရွယ်လျှက် မော်တော်ယာဉ်နံပါတ်များပေါ်တွင် ဒေသသင်္သတ စတစ်ကာ ကပ်ခြင်းများ အား ၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၈)ရက်(တနင်္လာနေ့) မှစကာ တိုင်းဒေသကြီး/ပြည်နယ် များအလိုက် အင်္ဂလိပ်အကရာ အတိုကောက် စတစ်ကာ(Sticker)များကပ်ပေးသွားပါမည်။

စတစ်ကာ သင်္ကေတများအဖြစ် ကချင်ပြည်နယ်

(KCN)၊ ကယားပြည်နယ် (KYH)၊ ကရင်ပြည်နယ် (KYN)၊ ချင်းပြည်နယ် (CHN)၊ စစ်ကိုင်းတိုင်း(SGG)၊ တနင်္လာရီတိုင်း(TNI)၊ ပဲခူးတိုင်း(BGO)၊ မကွေးတိုင်း(MGY)၊ မန်းလေးတိုင်း(MDY)၊ မွန်ပြည်နယ်(MON)၊ ရခိုင် ပြည်နယ်(RKE)၊ ရန်ကုန်တိုင်း (YGN)၊ရှမ်းပြည်နယ်(SHN)၊ ဧရာဝတီတိုင်း(AYY) ဟုသတ်မှတ် ဆောင်ရွက်ပေးထားပါသည်။

မူသေအမှတ် ၄စ/၈၀၀၀မှစပြီး အင်္ဂလိပ်နံပါတ်များအဖြစ် (4f-8000 စသည်ဖြင့်) အငှားယာဉ် (CC-2500)မှစတင်ပြီး ဒေသသင်္ကေတများ ရိုက်နှိပ်ဆောင်ရွက်ပေးသွားပါမည်။

ဆက်လက်ပြီး တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မူသေအမှတ် ဖောင်းကြွနံပါတ် ပြားများအားပြုလုပ်ပေးနိုင်သည့် အလုပ်ရုံများကို ပွင့်လင်းမြင်သာစွာ အိပ်ဖွင့်တင်ဒါခေါ်ယူပြီး ဆောင်ရွက်သွားစေပါမည်။

ကားများ နှစ်လဲသတ်တမ်းတိုးချိန်နှင့် သတ်မှတ်ချိန်များတွင် ရုံးများအလိုက် အင်္ဂလိပ် အကရာဂဏန်းပါ မူသေအမှတ်များ ပြောင်းလဲထုတ်ပေးသွားပါမည်။

(ကညန)
 
အပေါ်သို့!