Searching...

" စက်မှုဇုန်များအတွက် လျှပ်စစ်စက်ရုံတည်ဆောက်ရန် နိုင်ငံခြားကုမ္ပဏီများ လာရောက်ကမ်းလှမ်း" ==============================



စက်မှုဇုန်များအတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည် ဆောက်ရန် စင်ကာပူနှင့် တရုတ်(တိုင်ပေ)တို့မှ လုပ်ငန်းရှင်များက ယခုလအတွင်း လာရောက် ဆွေးနွေးသွားကြောင်း စက်မှုဇုန်လုပ် ငန်းရှင်များထံမှသိရသည်။စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လျှပ်စစ်ဓာတ် အားထုတ်လုပ်သည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် စက်မှုဇုန် လုပ်ငန်းရှင်များ ယခုလအတွင်း တွေ့ဆုံခဲ့ကြောင်း၊ ပြည်ပကုမ္ပဏီ များက ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော စက်ရုံတည်ဆောက်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

''သူတို့တွေမှန်းထားတာကတော့ ကျောက်မီးသွေးနဲ့ဆို တစ်ယူနစ်ကို

၁၃ဝလောက်တော့ အနည်းဆုံးကျလိမ့်မယ်၊ Gas နဲ့ လည်ရင်တော့ တစ်ယူနစ် ကို ၇ဝ၊ ၈ဝလောက်ကျမှာ Gas ကမပေး နိုင်ဘူးလေ''ဟု လှိုင်သာယာမှ စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် ကျောက်မီးသွေးဖြင့် လျှပ်စစ်ထုတ်သောစက်ရုံ တည်ဆောက်ရန် ကမ်းလှမ်းထားသည့် အနေအထားသာဖြစ်ပြီး လုပ်ငန်းရှင်များ သဘောတူပါက စက်ရုံတည်ဆောက်ရန် နှစ်နှစ် ခန့် အချိန်ယူရဦးမည်ဟု သိရသည်။

''ကမ်းလှမ်းတဲ့သူတွေက နည်းနည်းတော့ အားလျော့တာပေါ့။ ပတ်ဝန်းကျင် ထိခိုက်မှုဖြစ်လို့ ဒေသခံတွေက ကန့်ကွက်လို့ ရပ် သွားတဲ့အခါကျရင် သူတို့လည်း နစ်နာမှာလေ''ဟု အထက် ပါ လုပ်ငန်းရှင်က ပြောသည်။ဒီဇယ်အသုံးပြုမီးစက်ဆိုပါက တစ်ယူနစ်လျှင် ကျပ် ၃ဝဝ၊ ၄ဝဝ ခန့် ကျကြောင်း ၎င်းကပြောသည်။လက်ရှိတွင် စက်မှုဇုန်များ၌ တစ်နေ့လျှင် ၅ နာရီခန့် လျှပ်စစ် ပြန်ပေးနေပြီဆိုသော်လည်း အချို့ရက်များတွင် ၃ နာရီခန့်သာ ရသည့် ရက်များလည်းရှိကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက ပြောသည်။

ယမန်နှစ် မိုးတွင်းကာလအတွင်းက တစ်နေ့လျှင် ၅ နာရီ ထက်ပို၍ သုံးလခန့်ရရှိခဲ့ကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များအဆင် ပြေခဲ့ပြီး အလုပ်သမားများလည်း အချိန်ပိုကြေးများရရှိခဲ့ကြောင်း၊ ယခုနှစ် ဇူလိုင်ခန့်တွင်လည်း လျှပ်စစ်မီးအချိန်ပိုရမည်ဟု မျှော်လင့် ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်လိုသော လုပ်ငန်းရှင်များသည် ဒေသခံများ ကန့်ကွက်မှုနည်းနိုင်မည့် နေရာ များတွင်သာ တည်ဆောက်လိုကြကြောင်း၊ ဧပြီလမှစ၍ စက်ရုံ ဆောက်လိုသော လုပ် ငန်းရှင်များ လာရောက်ကမ်းလှမ်းလာခဲ့ကြပြီး ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့နှင့်လည်းကောင်း၊ စက်မှုဇုန် လုပ်ငန်းရှင်များနှင့်လည်းကောင်း အသီးသီးလာရောက် တွေ့ဆုံ ခဲ့ကြသည်ဟု သိရသည်။

မေဇင်ဝင်း

Popular Myanmar News Journal
 
အပေါ်သို့!