Searching...

NLD ပါတီ အနေဖြင့် ဗုဒ္ဓ ဘာသာဝင်များ ဖက်မှ ရပ်တည် ထောက်ခံမှု မရှိသည့် အတွက် ပါတီဝင်များ နှုတ်ထွက်ရန် ပြင်ဆင်နေ



NLD ပါတီ(ဗဟို) ဥက္ကဌ ဒေါ်စုကြည်နှင့် NLD ပါတီ (ဗဟို) အနေဖြင့် မြန်မာ နိုင်ငံအတွင်း ဖြစ်ပေါ် ခဲ့သော မွတ်ဆလင်-မြန်မာ ပဋိပက္ခများနှင့် မျိုးစောင့်ဥပဒေ ပြဌာန်းရေးဆွဲရေး ဆောင်ရွက် ရာတွင် ဗုဒ္ဓ ဘာသာ ၀င်များ ဖက်မှ ရပ်တည်ထောက်ခံမှု မပြုခဲ့သည့် လုပ်ရပ် များကြောင့် တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ် အတွင်းရှိ ရဟန်း သံဃာတော် များနှင့် ဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲရေး အတွက် ကြိုးပမ်း နေသော ဒေသခံ ရပ်မိ ရပ်ဖများ၏ ဥပေက္ခာ ပြုခြင်း /မုန်းတီးသည့် အပြုအမူတို့ကို မြင်တွေ့ ရသဖြင့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ တွင် တနင်္သာရီတိုင်း

ဒေသကြီး၊ တနင်္သာရီမြို့နယ် “ပ၀ကျေးရွာ” အုပ်စု NLD ပါတီ အလုပ် အမှုဆောင် ဥက္ကဌ ဦးထွန်းလှ၏ နေအိမ်၌ ဦးထွန်းလှနှင့် ပါတီဝင် (၂၀)ဦးခန့်သည် အစည်း အဝေး ပြုလုပ်ခဲ့ပြီး NLD ပါတီမှ နှုတ်ထွက်ရန် စီစဉ်ဆောင်ရွက်နေ ကြောင်း သတင်း ရရှိ ပါသည်။
 
အပေါ်သို့!