Searching...

ဂျပန် နျူကလီးယား ဓာတ်ပေါင်းဖိုများထဲမှ ၁၀ လုံး ပြန်ဖွင့်ရန် အလားအလာရှိ


Tuesday, July 9, 2013

ငလျင်ဒဏ်ကြောင့် ဖူကူရှီးမား ဓာတ်ပေါင်းဖိုတွင် ရေဒီယိုသတ္တိ ယိုစိမ့်မှု
များ တွေ့ကြုံခဲ့ရပြီးနောက် ဂျပန်နိုင်ငံတစ်လွှား နျူကလီးယား ဓာတ်ပေါင်း
ဖိုများကို ပိတ်ထားခဲ့ရာ နျူကလီးယား စွမ်းအင်ကို ထောက်ခံသည့် ရှင်ဇိုအာဘေး အစိုးရ တက်လာပြီးနောက် ယခု နျူကလီးယား ကုမ္ပဏီ လေးခုက လုပ်ငန်း ပြန်စရန် လျှောက်လွှာများ တင်လာခဲ့ပြီး ဓာတ်ပေါင်းဖို ၁၀ လုံး ပြန်ဖွင့်ရန် အလားအလာများ ရှိနေကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။

အဆိုပါ ဓာတ်ပေါင်းဖိုများကို ပြန်လည် စစ်ဆေး

သုံးသပ်သည့် လုပ်ငန်းသည် အနည်းဆုံး ခြောက်လခန့် ကြာနိုင်သည်ဟု ဂျပန် နျူကလီးယား စိစစ်ရေး အာဏာပိုင် အဖွဲ့အစည်းက ဆိုသည်။

ဟော့ကိုင်းဒိုး၊ ကန်ဆိုင်း၊ ရှီကိုကုနှင့် ကျူရှူး လျှပ်စစ် ကုမ္ပဏီများ က
နျူစက်ရုံများ ပြန်လည် လည်ပတ်ရေးအတွက် လျှောက်လွှာများ တင်လာကြပြီး လုပ်ထုံးလုပ်နည်း အသစ်များ လက်ထက်တွင် အဆိုပါ လုပ်ငန်းကို ပြန်လည် လုပ်ကိုင်လိုခြင်းကြောင့် ဖြစ်ပေသည်။

အသစ် ချမှတ်ထားသော စည်းမျဉ်း အသစ်များအရ နျူကလီးယား ဓာတ်ပေါင်းဖိုများသည် ပိုမို ကောင်းမွန်သော လုံခြုံရေး စနစ်များ ရှိရမည်ဖြစ်ပြီး ဆူနာမီ၊ ငလျင်နှင့် အကြမ်းဖက်သမားများ၏ တိုက်ခိုက် လာနိုင်ခြေကိုလည်း ခံနိုင်ရမည် ဖြစ်ပေသည်။

နိုင်ငံတကာ အဆင့်မြင့် စံနှုန်းများအတိုင်း တင်းကျပ်စွာ လုပ်ကိုင် ရမည်ဖြစ်သောကြောင့် အချိန်ယူရမည် ဖြစ်ကြောင်း နျူကလီးယား ကွပ်ကဲရေး အေဂျင်စီ၏ ဥက္ကဋ္ဌ ရှူနီချီတာနာကာက ဆိုသည်။

၎င်း၏ ဌာနသည် မည်သည့် ဓာတ်ပေါင်းဖိုများက အသစ် ပြဋ္ဌာန်းလိုက်သော လုံခြုံရေး လိုအပ်ချက်များ နှင့် ပြည့်မီသည်ကို အဓိက ဆုံးဖြတ်ပေး ရခြင်း ဖြစ်သည်။

နျူကလီးယား ကုမ္ပဏီများသည် ဓာတ်ပေါင်းဖိုများကို လည်ပတ်စေကာ လျှပ်စစ်ထုတ်လိုပါက နိုင်ငံတော်အဆင့်နှင့် ပြည်နယ်အဆင့် ဒေသခံ နိုင်ငံရေးသမားများ၏ ထောက်ခံချက်လည်း လိုအပ် ပေသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နျူကလီးယား စွမ်းအင်ဖြင့် လျှပ်စစ် ဓာတ်အားပေးသည့် လုပ်ငန်းကို ပြန်လည် လုပ်ကိုင်စေလိုသည်။

ဂျပန်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များကဲ့သို့သော နျူက
လီးယား အန္တရာယ် မလိုလားသူများက ကန့်ကွက်မှုများလည်း ရှိနေသည်။

၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ဖူကူရှီးမားမြို့တော် ဒိုင်အိချိ နျူကလီးယား စက်ရုံတွင် ပျက်စီးမှုများဖြစ်ခဲ့ကာ နျူ ယိုစိမ့်မှုများ
ဖြစ်ခဲ့ဖူးသည်။

The Voice Weekly
 
အပေါ်သို့!