Searching...

စစ်ရှောင်စခန်းများတွင် KIA အဖွဲ့ စစ်ရေးပြသရုပ်ပြသမှုများပြုလုပ်


ဇူလိုင်လ ၄ ရက် ၂၀၁၃

ကချင်ပြည်နယ် အုံလုံစစ်ရှောင်စခန်းနှင့် မိုင်ဂျာယန် စစ်ရှောင်စခန်းများအနီးတွင် ဇွန် ၃ ရက်နေ့ မနက်ပိုင်းမှစ၍ KIA အဖွဲ့ တစ်ဖွဲ့က စစ်ရေးပြသမှုများလာရောက် ပြုလုပ်သွားခဲ့ကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။

“ကျွန်တော်တို့က ဒီအုံလုံစစ်ရှောင်စခန်းမှာ နေကြတာပါ။ မနေ့က မနက် ၉ နာရီလောက်မှာ သရီးကရောင်းတစ်စီး ဒီစခန်းရှေ့ကို ရောက်လာတယ်၊ လူကတော့ ၄၀ လောက်တော့ရှိမယ် ပြောက်ကျားကျည်ကာအင်္ကျီနဲ့

ပြောက်ကျား ဦးထုပ် တွေ ၀တ်ထားတယ်။ ဒီက တာဝန်ရှိလူကြီးတွေ ပြောစကားအရဆိုရင် ငှက်ပျော်ဖူးလောင်ချာတွေ၊ စနိုက်ပါလက်နက်တွေ လို သေနတ်တွေလည်းပါတယ်။ ဒီစခန်းရှေ့က လမ်းမပေါ်မှာ သီချင်းတွေဆိုပြီး စစ်ရေးပြ သရုပ်ပြတယ်လို့တော့ ပြောတယ်။ ကျွန်တော်တို့ကတော့ နားမလည်ပါဘူး။ ဘာရည်ရွယ်ချက်နဲ့လာလုပ်ကြသလဲတော့ မသိဘူး၊ ဒီစစ်ရှောင် စခန်းက ဒေသခံတွေအားလုံးက တိုက်ပွဲတွေကို ကြောက်ကြတဲ့သူတွေဆိုတော့ အဲ့ဒီစစ်ရေးစစ်ရာတွေကို စိတ်မ၀င်စား ကြပါဘူး” ဟု အုံလုံစစ်ရှောင်စခန်းမှ ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါအဖွဲ့သည် မိုင်ဂျာယန်စစ်ရှောင်စခန်းသို့ မနက် ၁၁ နာရီခန့်တွင် ရောက်ရှိလာကြပြီး စစ်ရေးပြ သရုပ်ပြခြင်းကို ထပ်မံပြုလုပ်သွားခဲ့ကြကြောင်း၊ မိုင်ဂျာယန်စစ်ရှောင်စခန်းမှ ဒေသခံတိုင်းရင်းသားများအပြင် မိုင်ဂျာယန်မြို့ပေါ်မှ မြို့သူ မြို့သားများကိုလည်း လာရောက်ကြည့်ရှုခိုင်းကြောင်း၊ ယင်းကဲ့သို့ စစ်ရေးပြသ သရုပ်ပြမှုများကြောင့် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြရအောင်း မြို့ခံ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

နော်တူးဇော်

From: Kachindailynews
 
အပေါ်သို့!